Nvidia ကုမ္ပဏီရဲ့ CEO ဂျန်ဆင်ဟွမ်က အိမ်ထောင်ရေးဖောက်ပြန်မှု ၂ ကြိမ်လုပ်ခဲ့ပြီး တကြိမ်က တရုတ်ထောက်လှမ်းရေးလို့ သံသယရှိသူတယောက်နဲ့ ဖြစ်ခဲ့လို့ ကုမ္ပဏီဘုတ်အဖွဲ့က သူ့ကို ရာထူးကနေ ဖယ်ရှားဖို့ ပြင်ဆင်နေတယ်လို့ Wall Street Journal သတင်းစာက နိုဝင်ဘာ ၁၁ ရက်မှာ ဖော်ပြပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး သိရှိထားသူတွေကို ကိုးကားဖော်ပြခဲ့တာပါ။ CEO ဂျန်ဆင်ဟွမ်ရဲ့ ရှေ့ရေးနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ဖို့ ကုမ္ပဏီဘုတ်အဖွဲ့က ဗုဒ္ဓဟူးနေ့မှာ အစည်းအဝေးလုပ်ဖို့ ပြင်ဆင်နေတယ်လို့လည်း သတင်းထဲမှာ ဖော်ပြထားပါတယ်။
အဲဒီရက်မတိုင်မီက New York Times သတင်းစာကလည်း CEO ဂျန်ဆင်ဟွမ်ဟာ သူ့လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ကုမ္ပဏီ အမှုဆောင်တယောက်နဲ့ အိမ်ထောင်ရေး ဖောက်ပြန်ခဲ့တယ်လို့ ဖော်ပြပါတယ်။
ဆက်ဆံရေးရှိခဲ့သူက Nvidia ကုမ္ပဏီရဲ့ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာဌာန ဒုတိယဥက္ကဋ္ဌ ကင်ဘာလီ ပါဝဲလ် ဖြစ်တယ်လို့ New York Times က ကုမ္ပဏီဝန်ထမ်းဟောင်းနဲ့ လက်ရှိဝန်ထမ်း ၅ ယောက်ကို ကိုးကား ဖော်ပြထားပါတယ်။
Nvidia ကုမ္ပဏီဘက်က ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုချက်အပေါ် ချက်ချင်း မတုံ့ပြန်သေးပါဘူး။ ဒီသတင်းတွေကို ချက်ချင်း သီးခြား လွတ်လွတ်လပ်လပ် အတည်မပြုနိုင်သေးပါဘူး။
CEO ဂျန်ဆင်ဟွမ်က သူ့ဇနီးအပေါ် သစ္စာဖောက်ခဲ့တယ်လို့ ဝန်ခံပြောကြားပြီး ရက်ပိုင်းအကြာမှာ ခုလို သတင်းတွေ ထွက်လာတာပါ။
လက်ရှိမှာ Nvidia ဘုတ်အဖွဲ့က CEO ဂျန်ဆင်ဟွမ်ဟာ နိုင်ငံခြားထောက်လှမ်းရေး အဖွဲ့အစည်းတခုရဲ့ ပစ်မှတ်ထားခြင်း ခံခဲ့ရတာ ရှိ၊ မရှိ စုံစမ်းစစ်ဆေးနေပါတယ်။
Source: Reuters











