DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံသတင်းထောက်များကို အမြန်ဆုံး ပြန်လွှတ်ပေးရန် CPJ တောင်းဆို
DVB
·
March 3, 2021
ဖမ်းဆီးခံသတင်းထောက်များကို အမြန်ဆုံး ပြန်လွှတ်ပေးရန် CPJ တောင်းဆို
Donate to DVB

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေအတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သတင်းထောက်တွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ( CPJ)က ထုတ်ပြန်တောင်းဆို လိုက်ပါတယ်။

မတ် ၂ ရက် ရက်စွဲနဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ဒီမိုကရက်တစ်မြန်မာ့အသံ(ဒီဗွီဘီ) သတင်းထောက်တဦးအပါအဝင်သတင်းသမား ၄ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရကြောင်း ဖော်ပြထားတာပါ။

မတ် ၁ ရက်နေ့ည ၁၀ နာရီခွဲလောက်မှာ မြန်မာနိုင်ငံတောင်ပိုင်း မြိတ်မြို့က ဒီဗွီဘီ သတင်းထောက် ကိုကောင်းမြတ်လှိုင်(ခ)ကိုအောင်ကျော်ရဲ့ နေအိမ်ကို စစ်တပ်နဲ့ ရဲလုံ ခြုံရေးတပ်ဖွဲ့တွေက အကြမ်းဖက် စီးနင်းဝင်ရောက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြတာပါ။

မြိတ်မြို့ မြစ်ငယ်ရပ်ကွက်ရှိ သတင်းထောက် ကိုအောင်ကျော်ရဲ့ နေအိမ်မှာ စစ်ကားတွေ ၇ စီးနဲ့ ၈ စီးလောက်နဲ့ လက်နက်အပြည့်အစုံနဲ့ လာရောက် ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းဆီးရတဲ့ အကြောင်းရင်း ကိုတော့ ပြောဆိုခဲ့ခြင်းမရှိဘူးလို့ မိသားစုထံက သိရပါတယ်။

ရဲတွေဟာ သတင်းထောက်ရဲ့ နေအိမ်မှာ ဖမ်းဆီးခေါ်ဆောင်ခြင်း မပြုခင် ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့ကြလို့ ကိုအောင်ကျော်ရဲ့ ဦးခေါင်းမှာ ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဒီဗွီဘီ သတင်းဌာန အယ်ဒီတာချုပ် ဦးအေးချမ်းနိုင်က ပြောပါတယ်။

ကိုကောင်းမြတ်လှိုင် (ခ) ကိုအောင်ကျော်အပါအဝင် မတရားဖမ်းဆီး ထိန်းသိမ်းခံထား ရတဲ့ သတင်းထောက်တွေအားလုံးကို ခြွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးဖို့နဲ့ သတင်းပေးပို့ခြင်း အလုပ်ကို တရားဝင်လုပ်ဆောင်နေတဲ့ သတင်းထောက်တဦးကို ခုလို အဓမ္မအကြမ်းဖက် ဖမ်းဆီး ခေါ်ဆောင်တာကို ဒီဗွီဘီသတင်းဌာနအနေနဲ့ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ကြေညာချက် ထုတ်ပြန်ထားတာပါ။

ဖေဖော်ဝါရီ ၂၈ ရက်နေ့ကတည်းက သံတော်ဆင့်သတင်းမှ ရဲရင့်ထွန်း၊ ချင်းလန်းဒ်ပို့စ် မီဒီယာမှ ဆလိုင်းဒေးဗစ်နဲ့ မုံရွာဂေဇက်မှ လေးမင်းစိုးတို့ သတင်းသမား ၃ ဦးလည်း ဖမ်းဆီး ခံထားရကြောင်း သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ(စီပီဂျေ)က ဖော်ပြထားပါတယ်။

 “မြန်မာစစ်အစိုးရအနေနဲ့ ကိုကောင်းမြတ်လှိုင်အပါအဝင် ဖမ်းဆီးထားတဲ့ သတင်းသမားတွေ ကို ချွင်းချက်မရှိ ပြန်လွှတ်ပေးရပါမယ်။ သတင်းထောက်တွေရဲ့ သတင်းဖော်ပြမှုလုပ်ငန်းတွေ အတွက် လက်တုံ့ပြန်ဖမ်းဆီးတာတွေကို ရပ်တန့်ပစ်ရပါမယ်။ သတင်းသမားတွေအနေနဲ့ မြန်မာ့ စစ်တပ်အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ သတင်းရယူရမှာ ဖမ်းဆီးခံရမယ့် ဘာအကြောက်တရားမှမရှိပဲ သတင်းရယူခွင့်ပြုရပါမယ်”လို့ CPJ ရဲ့ အရှေ့တောင်အာရှဆိုင်ရာ အကြီးတန်းကိုယ်စားလှယ် ရှောင်ခရစ္စပင်က ပြောပါတယ်။

ဖေဖော်ဝါရီလအစောပိုင်းကတည်းက စစ်တပ်အာဏာသိမ်းမှုအပြီး လက်ရှိအချိန်ထိ ဖမ်းဆီး ထိန်းသိမ်းခံရတဲ့ သတင်းသမားဦးရေ ၂၂ ဦးထက်မနည်းရှိနေခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ) က သတင်းထုတ်ပြန်ထားပါတယ်။ 

CPJ အနေနဲ့ သတင်းသမားတွေ ဖမ်းဆီးထိန်းသိမ်းခံရတာတွေနဲ့ ပတ်သက်ပြီး ပြန်ကြားရေး ဝန်ကြီးဌာနကို အီးမေးလ်ပေးပို့ ဆက်သွယ်ခဲ့ပေမယ့် ဘာအကြောင်းပြန် ကြားချက်မှ မရခဲ့ဘူးလို့လည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013