DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံကိုယ်စားလှယ်လောင်း ၃ ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးရန် မိသားစုက ထပ်မံတောင်းဆို
DVB
·
November 17, 2020
ဖမ်းဆီးခံကိုယ်စားလှယ်လောင်း ၃ ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးရန် မိသားစုက ထပ်မံတောင်းဆို
Donate to DVB

ရခိုင်လက်နက်ကိုင်အဖွဲ့(အေအေ)က ဖမ်းဆီးထားတဲ့ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်လောင်း သုံးဦးဟာ လက်ရှိအချိန်မှာ အဖမ်းခံထားရတာ  တစ်လ ကျော်မြင့်နေပြီ ဖြစ်တာကြောင့်သူတို့ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ကျန်ရစ်တဲ့မိသားစုဝင်တွေက ထပ်မံတောင်းဆိုပါတယ်။

အဖမ်းဆီးခံထားရတဲ့သူတွေထဲက ဒေါ်ချစ်ချစ်ချောရဲ့အမေဖြစ်သူကတော့ လက်ရှိအချိန်ဟာ ဆောင်းရာသီရောက်ပြီဖြစ်တာကြောင့် အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ အဖမ်းခံလိုက်ရတဲ့ သမီးဖြစ်သူကို စိုးရိမ်နေပြီး  ဖမ်းဆီးထားတဲ့အဖွဲ့အနေနဲ့ မောင်နှမသားချင်းလို စောင့်ရှောက်ပေး ဖို့မေတ္တာရပ်ခံခဲ့ပါတယ်။

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်အန်အယ်လ်ဒီပါတီဝင် ကိုယ်စားလှယ်လောင်း သုံးဦးဟာ ရွေးကောက်ပွဲတိုင်ခင် အောက်တိုဘာ ၁၄ ရက်နေ့က မဲဆွယ်စည်းရုံးရေး လုပ်ငန်းတွေ ဆောင်ရွက်နေချိန်မှာ အေအေအဖွဲ့က ဖမ်းဆီးသွားခဲ့တာပါ။

အဖမ်းခံထားတဲ့ လက်ရှိလွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်ရဲ့ခင်ပွန်းဖြစ်သူကတော့ ဒေါ်နီနီမေမြင့်မှာ ငယ်ရွယ်သေးတဲ့သမီးလေးရှိတဲ့အတွက် အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ထပ်မံ တောင်းဆိုခဲ့ပြီး ကျန်းမာရေးအရ စိုးရိမ်မှုတွေ ရှိနေတယ်လို့ပြောပါတယ်။

ဖမ်းဆီးထားတဲ့ ကိုယ်စားလှယ်လောင်းတွေဟာ ကျန်းမာရေးကောင်းမွန်စွာ ရှိနေတယ်လို့ အေအေအဖွဲ့ဘက်ကတော့ တရားဝင်ထုတ်ဖော်ပြောဆိုထားပါတယ်။

ဖမ်းဆီးထားတဲ့ ကိုယ်စားလှယ်လောင်းတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ နိုင်ငံရေး အကျဉ်းသားများအဖွဲ့ကလည်း တောင်းဆိုထားပါတယ်။

တောင်ကုတ်မြို့နယ်ဟာ အစဉ်အလာအရ အန်အယ်လ်ဒီ ပါတီက အနိုင်ရလေ့ရှိပေမဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာတော့ ကိုယ်စားလှယ်လောင်းတွေ အဖမ်းခံရပြီးတဲ့နောက် တောင်ကုတ်မြို့နယ်မှာ အန်အယ်လ်ဒီက အနိုင်မရရှိခဲ့ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013