DVB Logo
Home
မြန်မာသတင်း
မြန်မာပလာဇာကို မတ် ၂ ရက်နေ့မှစ ယာယီပိတ်
DVB
·
March 1, 2021
မြန်မာပလာဇာကို မတ် ၂ ရက်နေ့မှစ ယာယီပိတ်
Donate to DVB

ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းပေါ်မှာ တည်ရှိတဲ့ မြန်မာပလာဇာကို မတ် ၂ ရက်နေ့ကစတင်ပြီး ယာယီပိတ်ထားမှာဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။

ထုတ်ပြန်ချက်ထဲမှာတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေအမျိုးမျိုးကြောင့် ယာ ယီပိတ်ထားမှာဖြစ်ပြီး ပြန်လည်ဖွင့်လှစ်မယ့် နေ့ရက်ကို မြန်မာပလာဇာရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှတဆင့် ထပ်မံအသိပေးကြေညာသွားမယ်လို့ ဆိုပါတယ်။

ရန်ကင်းမြို့နယ်ထဲ အချက်အချာကျတဲ့ နေရာမှာ တည်ရှိတဲ့ မြန်မာပလာဇာကို စစ် တပ်အာဏာသိမ်းထားတဲ့ ကာလတလျှောက် ဖွင့်လှစ်ထားခဲ့တာဖြစ်ပြီး အဲဒီရှေ့မှာ စစ် အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြစုဝေးသူတွေ နေ့စဉ်ရှိနေတဲ့ နေရာတခု ဖြစ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့  မနက်အစောပိုင်းက နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရခေါင်းဆောင် ပိုင်းတချို့ကို စစ်တပ်ကဖမ်းဆီးလိုက်ကာ နိုင်ငံတော်အာဏာသိမ်းယူလိုက်ပြီးနောက် တနေ့မှာပဲ ပြည်သူတွေဟာ ညစဉ်သံပုံးတီးဆန့်ကျင်တာတွေ၊ ဖယောင်းတိုင်မီးထွန်းဆုတောင်းပွဲတွေနဲ့အတူ အကြမ်းမဖက်တဲ့နည်းနဲ့ ဆန္ဒပြနေကြတာပါ။

တဆက်တည်းမှာပဲ စစ်တပ်ရဲ့ အာဏာသိမ်းလုပ်ရပ်ကို ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ ဆေးလောကသားတွေက စတင်ကာ  အာဏာဖီဆန်ရေးလှုပ်ရှားမှု(Civil Disobedience Movement)ကို လုပ်ဆောင်နေကြတာ ဖြစ်ပြီး လက်ရှိမှာတော့ တခြား ကဏ္ဍအသီးသီးက ပြည်သူ့ဝန်ထမ်းတွေ၊ အနုပညာရှင်တွေ၊ ပြည်သူတွေကပါ ပူးပေါင်း ပါဝင်လှုပ်ရှားနေကြတာပါ။

နောက်ပိုင်းမှာတော့ နိုင်ငံတဝန်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပြည်သူတွေ မြို့ရွာအနှံ့ ပါဝင်နေခဲ့ကြပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုတွေနဲ့ အခြေအနေတွေ ပိုမိုတင်းမာလာနေခဲ့တာ ဖြစ်ပါတယ်။ 

၂ ငါးလုံးအထွေထွေသပိတ်အပြီး ဒုတိယအကြိမ်မြောက် ပြည်လုံးကျွတ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲအနေနဲ့ Milk Tea Alliance လှုပ်ရှားမှုကို ဖေဖော်ဝါရီ ၂၈ ရက်က မြန်မာနဲ့အတူ ထိုင်း၊ ဟောင်ကောင်၊ အိန္ဒိယ၊ အင်ဒိုနီးရှားနဲ့ ထိုင်ဝမ် စတဲ့ နိုင်ငံတွေမှာပါ ဆင်နွှဲခဲ့ကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013