
လီဗာပူးအသင်းပိုင်ရှင် FSG ဟာ အသင်းရဲ့ ရှယ်ယာ ၃ ပုံ ၁ ပုံလောက်ကို အမေဇုန် တည်ထောင်သူ ဘီလီယံနာ ဂျက်ဖ်ဘီဇို့စ် ပါဝင်တဲ့ 1892 Holdings အုပ်စုဆီ ရောင်းချဖို့ သဘောတူညီလိုက်ပြီလို့ အတည်ပြု ကြေညာပါတယ်။
ဒီအုပ်စုကို ဗြိတိန်-အိန္ဒိယ စီးပွားရေးလုပ်ငန်းရှင် အာမစ်ဘာတီယာက ဦးဆောင်ပြီး ဖေ့စ်ဘွတ်ခ် ပူးတွဲတည်ထောင်သူ အက်ဒူယာဒို ဆာဗရင်နဲ့ ဘီဇို့စ်တို့ ပါဝင်တာပါ။
အာမစ်ဘာတီယာဟာ အသင်းရဲ့ ဒုတိယ ဥက္ကဋ္ဌ ဖြစ်လာမှာဖြစ်ပြီး ဘီဇို့စ်ကတော့ ဒါရိုက်တာအဖွဲ့မှာ ပါဝင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ဒီအရောင်းအဝယ်ကြောင့် အသင်းရဲ့ အပြောင်းအရွှေ့ကိစ္စတွေအပေါ် သက်ရောက်မှုရှိမှာ မဟုတ်ဘူး လို့ BBC အားကစားသတင်းဌာနက ဖော်ပြပါတယ်။
သဘောတူညီချက်အရ ဒီအုပ်စုအနေနဲ့ အနာဂတ်မှာ ရှယ်ယာတွေ ထပ်မံဝယ်ယူခွင့်ရှိပြီး လီဗာပူးအသင်းရဲ့ တန်ဖိုးဟာ ပေါင် ၅ ဘီလီယံကနေ ၆ ဘီလီယံကြား ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။
Source: BBC Sport











