DVB Logo
Home
မြန်မာသတင်း
CDM ဝန်ထမ်းများအတွက် We Support Heroes အဖွဲ့က ကျပ် ၂၁ သိန်းဖိုး စားနပ်ရိက္ခာ ဖြန့်ဝေ
DVB
·
February 24, 2021
CDM ဝန်ထမ်းများအတွက် We Support Heroes အဖွဲ့က ကျပ် ၂၁ သိန်းဖိုး စားနပ်ရိက္ခာ ဖြန့်ဝေ
Donate to DVB

စစ်တပ်အာဏာသိမ်းလုပ်ရပ်ကို ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) မှာ ပါဝင်လာကြတဲ့ ဝန်ထမ်းတွေကို We Support Heroes အဖွဲ့က ကျပ် ၂၁ သိန်းဖိုး စားနပ်ရိက္ခာတွေ ဖြန့်ဝေပေးခဲ့တယ်လို့ သိရပါတယ်။

“ဒီနေ့မှာတော့ အနာဂတ်နိုင်ငံတော်ရဲ့ သူရဲကောင်းများအတွက် ရိက္ခာဖြန့်ဝေပေး ခဲ့ပါတယ်။ ကာလတန်ဖိုးငွေ ၂၁ သိန်းကျော်တန်ဖိုးရှိ စားနပ်ရိက္ခာများကို ကျန်းမာရေး ဝန်ထမ်းများအတွက် ကူညီပေးခဲ့ခြင်း ဖြစ်ပါတယ်။ အပြောင်းအလဲမှာ ပြည်သူ့ဝန်ထမ်း တွေအားလုံးက နိုင်ငံရဲ့ သူရဲကောင်းတွေအဖြစ် မှတ်တမ်းထင် ကျန်နေရစ်အောင် ကျွန် တော်တို့အတူတူ ရင်ဆိုင်ကျော်ဖြတ်ကြရအောင်ပါ။ Civil Disobedience Movement မှာ မတရားမှုကိုဆန့်ကျင်သော ပြည်သူ့ဝန်ထမ်းများအား နိုင်ငံရေး၊ စီးပွားရေး၊ အနုပညာ ရေး အလွှာစုံမှ ပြည်သူများက ကူညီစောင့်ရှောက်ကြပါစို့”

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်က  နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရခေါင်းဆောင်တွေကို  စစ်တပ်က ဖမ်းဆီး အာဏာသိမ်းယူလိုက်ပြီး နောက်တနေ့မှာပဲ အာဏာဖီဆန်ရေးလှုပ်ရှားမှုကို ဆေး လောကသားတွေက စတင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ နိုင်ငံတဝန်းမြို့တွေမှာ ဌာနပေါင်းစုံ ပြည်သူ့ဝန်ထမ်းတွေ၊ အနုပညာရှင်တွေ၊ ပြည်သူတွေကပါ ပူးပေါင်းပါဝင် လှုပ်ရှားနေကြတာ ဖြစ်ပါတယ်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံ မြို့နယ်ပေါင်း ၃၀၇ မြို့နယ်မှာ အစိုးရဝန်ထမ်းပေါင်း ၂၂,၀၀၀ ကျော်က အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတယ်လို့ သိရပါတယ်။

We Support Heroes အဖွဲ့ကိုတော့ စစ်တပ်အာဏာသိမ်းလုပ်ရပ်ကို ကန့်ကွက် ရှုတ်ချတဲ့ အနေနဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု(Civil Disobedience Movement)မှာ ပါဝင်နေကြတဲ့ ပြည်သူ့ဝန်ထမ်းတွေကို အကူအညီပေးဖို့ ဖွဲ့စည်းထားတာဖြစ်ပြီး မြန်မာ နိုင်ငံအနှံ့ မြို့ရွာပေါင်းစုံမှာ CDM အတွက် ကူညီထောက်ပံ့နေတဲ့ အဖွဲ့တွေစုပေါင်းပြီး ကွန်ရက်တခု ဖွဲ့စည်းဖို့လည်း ဖိတ်ခေါ်နေပါတယ်။

PHOTO- We Support Heroes

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013