မန္တးလေတိုင်းဒေသကြီး မိုးကုတ်မြို့နယ်က ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို တာဝန်ကနေ ရပ်စဲကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးက စာထုတ်ထားပါတယ်။
မိုးကုတ်မြို့နယ်က အုပ်ချုပ်ရေးမှူး ၃၄ ဦးအား တာဝန်ကနေ ရပ်စဲလိုက်ကြောင်း ဖေဖော်ဝါရီလ ၁၇ ရက်နေ့က စာထုတ်ပြန်လိုက်တာပါ။
စစ်အာဏာရှင်လက်အောက်မှာ အုပ်ချုပ်ရေးတာဝန်မယူနိုင်တာကြောင့် ကိုဘ့်သဘောနဲ့ကိုယ် တာဝန်ကနေ အနားလိုက်ကြတဲ့ အုပ်ချုပ်ရေးမှူးတွေလည်း ရှိခဲ့ပါတယ်။
ပြည်နယ်နဲ့တိုင်း မြို့နယ်အချို့မှာတော့ အာဏာသိမ်းစစ်ကောင်စီက ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးအသစ်တွေ ခန့်အပ်နေတာရှိပြီး သက်ဆိုင်ရာဒေသရှိ ပြည်သူတွေက သံပုံးတီး ကန့်ကွက်နေကြတယ်လို့ သိရပါတယ်။
သတင်း-ဟန်နာထက်အောင်