DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီနှင့်ဆွေးနွေးမှု ရပ်ဆိုင်း၍ ပြည်သူကိုကာကွယ်ပေးမည်ဟု တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ပြော
DVB
·
February 20, 2021
စစ်ကောင်စီနှင့်ဆွေးနွေးမှု ရပ်ဆိုင်း၍ ပြည်သူကိုကာကွယ်ပေးမည်ဟု တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ပြော
1 / 2
Donate to DVB

အာဏာသိမ်း စစ်ကောင်စီနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးညှိနှိုင်းတာတွေကို ယာယီရပ်ဆိုင်းထားမယ်လို့ NCA အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ က ဖေဖော်ဝါရီ ၂၀ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။ 

ဖေဖော်ဝါရီ ၁၉ ရက် နဲ့ ၂၀ ရက်နေ့ အပစ်ရပ်အဖွဲ့တွေ အစည်းအဝေးအပြီးမှာ သတင်းစာရှင်း လင်းပွဲတစ်ရပ်ကိုလည်း ပြုလုပ်ခဲ့ပါတယ်။

စစ်ကောင်စီနဲ့ ဆွေးနွေးမှုတွေကို ဘယ်အချိန်အထိရပ်ဆိုင်းထားမယ်ဆိုတာကိုတော့ အတိအကျ မပြောနိုင်သေးဘူးလို့ NCA- EAOs အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်းက ပြောပါတယ်။

 NCA ဖွဲ့စည်းပုံမှာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီ၊ တိုင်းရင်းသား လက်နက်ကိုင်အစုအဖွဲ့ ပေါင်းစုံပါဝင်ခဲ့ပေမဲ့ လက်ရှိအခြေအနေမှာ အစုအဖွဲ့အားလုံး မပါဝင်နိုင်တော့တဲ့ အခင်းအကျင်းဖြစ်တဲ့အတွက် ဆွေးနွေးမှုတွေကို ရပ်ဆိုင်းရတာလို့ ဆိုပါတယ်။

“စစ်ကောင်စီရဲ့ထုတ်ပြန်ချက်ထဲမှာလည်း NCA ကို အသိအမှတ်ပြုထားတယ်လို့ ပြောပါတယ်။ ကျနော်တို့ကလည်း NCA ကိုလည်း ကိုင်စွဲထားပါတယ်။ ဒီလိုအခင်းအကျင်းအနေ အထားမှာတော့ ဘယ်လိုမှမဖြစ်နိုင်ဘူး။ ယာယီရပ်ဆိုင်းထားတာပါ။ လိုအပ်တဲ့ အခြေခံယန္တရား တွေ မရှိသေးတဲ့အတွက်ဖြစ်ပါတယ်။ အချိန်ကာလကတော့ ပြောရခက်ပါတယ်” လို့ ဗိုလ်မှူးကြီး စိုင်းငင်းက ပြောပါတယ်။

အပစ်ရပ်အဖွဲ့တွေဟာ NCA ကို လက်ကိုင်ထားတဲ့အတွက် NCA နဲ့အညီ ပြည်သူကို အကာအကွယ်ပေးသွားမယ်လို့လည်း ဆိုပါတယ်။

 ပြည်သူတွေ၊ အစိုးရဝန်ထမ်းတွေ ဆောင်ရွက်နေတဲ့ CDM ကိုလည်း အပြည့်အဝ ထောက်ခံပြီး နည်းလမ်းရှာ ပံ့ပိုးသွားမယ်လို့ အပစ်ရပ်အဖွဲ့တွေကဆိုပါတယ်။

“လတ်တလောနိုင်ငံရေးအခြေအနေမှာ စစ်ကောင်စီနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ရပ်ထားမယ်ဆိုတာ ကျနော်တို့ မူပါပဲ။ NCA လက်တွေ့အကောင်အထည်ဖော်ဖို့ဆိုတာ ဒီနေ့ အခြေအနေနဲ့ မဖြစ်နိုင်တော့ပါဘူး။ လိုအပ်တဲ့ယန္တရားတွေ မရှိတော့တဲ့ အတွက် ဆွေးနွေးတာတွေကို ရပ်ထားတာဖြစ်ပါတယ်။ NCA ဟာ အစုအဖွဲ့ တစ်ခုနဲ့တစ်ခု ချုပ်ထားတာမဟုတ်ဘူး။ အစိုးရ လွှတ်တော် တပ်မတော် တိုင်းရင်းသားလက်နက်ကိုင်တွေအား လုံး ချုပ်ဆိုထားတာပါ။ NCA အတွက် လိုအပ်တဲ့ အင်္ဂါရပ်တွေ ပြန်ရမှ ဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။ပြည်သူ လူထုနဲ့ရပ်တည်မယ်။ CDM ကိုထောက်ခံမယ်။ စစ်အာဏာသိမ်း မှုယဉ်ကျေးမှုကို လက်ခံမှာမဟုတ်ပါဘူး။ ကျနော်တို့ တောင်းဆိုချက်တွေဟာ လူထု တောင်းဆိုချက်တွေပါပဲ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း NCA ပဲထိုးထိုး Biletral ပဲထိုးထိုး၊ အစိုးရ၊ လွှတ်တော်၊ နိုင်ငံရေးပါတီ အားလုံးပါဝင်ဖို့ လိုပါတယ်။ ကျနော်တို့ဟာ ပြည်သူလူထုကို မျက်နှာမူတဲ့ နိုင်ငံရေးကိုပဲလက်ကိုင်ထားတာဖြစ်ပါတယ်” လို့ အပစ်ရပ်အဖွဲ့ ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲက ပြောပါတယ်။

NCA- EAOs အဖွဲ့တွေရဲ့ ဖေဖော်ဝါရီ ၂၀ ရက် ထုတ်ပြန်ကြေညာချက်မှာ ဖမ်းဆီး ထိန်းသိမ်းထားသူတွေ အားလုံးကို အမြန်ဆုံးလွှတ်ပေးဖို့၊ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်တဲ့ ပြည်သူကို အကြမ်းဖက်နည်းလမ်းနဲ့နှိမ်နင်းတာတွေကို ဆန့်ကျင်ကန့်ကွက်ကြောင်း၊ CDM ကို ထောက်ခံ ကြောင်း၊ အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် ပြည်တွင်းပြည်ပအင်အားစုတွေနဲ့ပူးပေါင်းသွားဖို့၊ စစ်ကောင်စီနဲ့ဆွေးနွေးပွဲတွေ ရပ်ဆိုင်းထားဖို့ စတဲ့ အချက်ငါးချက်ကို အတည်ပြု ကြေညာခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013