DVB Logo
Home
မြန်မာသတင်း
ဖားကန့်နှင့်မော်လူး-မော်ဟန် ရတနာနယ်မြေတွင် ကျောက်စိမ်းတူးဖော်ခွင့် ဆက်လက်ရပ်ဆိုင်း
DVB
·
February 18, 2021
ဖားကန့်နှင့်မော်လူး-မော်ဟန် ရတနာနယ်မြေတွင် ကျောက်စိမ်းတူးဖော်ခွင့်  ဆက်လက်ရပ်ဆိုင်း
Donate to DVB

ကချင်ပြည်နယ် လုံးခင်း ဖားကန့်ရတနာနယ်မြေနဲ့မော်လူး-မော်ဟန် ရတနာနယ်မြေမှာ ကျော်စိမ်းအရိုင်း တူးဖော်မှုလုပ်ငန်းတွေကို ဆက်လက်ရပ်ဆိုင်းထားဖို့ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း (မကလ) က ဖေဖော်ဝါရီ ၁၇ ရက်နေ့က ညွှန်ကြားလိုက်ပါတယ်။ 

လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် ဆက်လက်ရပ်ဆိုင်းရတာလို့ ညွှန်ကြားစာက ဆိုပါတယ်။ ဆက်လက်ရပ်ဆိုင်းထားဖို့ ညွှန်ကြားထားပေမယ့် ဘယ်နေ့ ဘယ်အချိန်ထိ ဆိုတဲ့ အချိန်အကန့်အသတ်ကိုတော့ ပြောဆိုထားတာ မရှိပါဘူး။ 

ဖားကန့်ရတနာနယ်မြေအဖို့ ဒီရာသီမှာ ကျောက်စိမ်းအရိုင်းတူးဖော်လုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့ အလားအလာ နည်းသွားပြီး ကုမ္ပဏီအများစု ဒီရာသီမှာ လုပ်ငန်းလုပ်ဖို့ အစီအစဉ် မရှိတော့ဘူးလို့ ကျောက်မျက်တူးဖော်ရေးကုမ္ပဏီအသိုင်းအဝန်းက ပြောပါတယ်။

"ဒီအချိန်မှာ လုပ်ငန်းလုပ်လို့ ဘယ်လိုမှမမီနိုင်တော့ဘူး။ ဒီနှစ်က လုပ်မယ့်ကုမ္ပဏီ နည်းသွားပြီ၊ မရှိသလောက်ပါပဲ။ နိုင်ငံရေးနဲ့ဘာနဲ့ဆိုတော့ လုပ်ကြမယ်မထင်ဘူးဗျ" အမည်မဖော်လိုတဲ့ ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီတာဝန်ခံ တဦးက ပြောပါတယ်။ 

ဖားကန့်ရတနာနယ်မှာ ကျောက်စိမ်းအရိုင်းတူးဖော်ရေး လုပ်ငန်းတွေကို ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁ ရက် နေ့ကနေ စက်တင်ဘာ ၂၀ ရက်နေ့အထိ မိုးရာသီ ဘေးအန္တရာယ်ကင်းရှင်းဖို့ ရပ်နားခိုင်းတာ ဖြစ်ပါတယ်။ 

ကိုဗစ်-၁၉ကူးစက်ရောဂါကြောင့် ၂၀၂၁ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့အထိ စုစုပေါင်း ၇ လ ရပ်နားခိုင်းခဲ့တာပါ။

လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအပြောင်းအလဲတွေကြောင့် ကျောက်စိမ်းအရိုင်း တူးဖော်ရေး လုပ်ငန်းတွေကို ဆက်လက်ရပ်ဆိုင်းထားဖို့ ညွှန်ကြားတာ ဖြစ်နိုင်တယ်လို့ ဒေသခံနဲ့ ကုမ္ပဏီအသိုင်းအဝိုင်းက ပြောပါတယ်။

ဇော်မိုးထက် (ဖားကန့်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013