DVB Logo
Home
မြန်မာသတင်း
အနုပညာရှင် လူမင်း၊ ပြေတီဦး၊ ကိုပေါက်၊ ဝိုင်း၊ ဏကြီးနှင့် အနဂ္ဂတို့အား အမှုဖွင့်
DVB
·
February 17, 2021
အနုပညာရှင် လူမင်း၊ ပြေတီဦး၊ ကိုပေါက်၊ ဝိုင်း၊ ဏကြီးနှင့် အနဂ္ဂတို့အား အမှုဖွင့်
Donate to DVB

နာမည်ကြီး အနုပညာရှင်တွေဖြစ်ကြတဲ့  အကယ်ဒမီ သရုပ်ဆောင် လူမင်း၊ ပြေတီဦး၊ ဒါရိုက်တာ ဝိုင်း၊  ကိုပေါက်၊ ဏကြီးနဲ့ ဟစ်ဟော့ပ်အဆိုတော် အနဂ္ဂတို့ကို  အာဏာသိမ်းစစ်အစိုးရက ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က ) နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ အမှုဖွင့်လိုက်ပါတယ်။

အဆိုပါ အနုပညာရှင်တွေဟာ သူတို့ရဲ့ ထင်ပေါ်ကျော်ကြားမှုကိုအသုံးပြုပြီး နိုင်ငံ့တာဝန်ကို ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေကို  CDM လှုပ်ရှားမှုတွေမှာ ပါဝင်လာစေဖို့ လှုံ့ဆော်တာ၊ နိုင်ငံ့ဝန်ထမ်းတွေ ဆန္ဒပြမှုမှာပါဝင်ဖို့  လှုံ့ဆော်တာတွေကြောင့်  သက်ဆိုင်ရာရဲစခန်းအသီးသီးမှာ အမှုဖွင့်ထားတာလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီကနေ့ ဖေဖော်ဝါရီ ၁၇ ရက်မှာ ကြေညာပါတယ်။

သူတို့ကို ဖမ်းဆီးရမိရေးအတွက် သတင်းပေးတိုင်တန်းဖို့နဲ့ လက်ခံထားသူတွေကို ဥပဒေနဲ့ အညီအရေးယူ ဆောင်ရွက်သွားမယ်လို့လည်း  တပ်မတော်သတင်းမှာ ဖော်ပြပါတယ်။

အလားတူ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုဂျင်မီ၊  အဆိုတော် လင်းလင်း၊ အင်းစိန်အောင်စိုး၊ ဦးမျိုးရန်နောင်သိမ်း၊ စီစဉ်တင်ဆက်သူ ကိုမောင်မောင်အေးနဲ့ အိမ့်ပိုးဥ (ခ) အိပန်ဆယ်လိုတို့ကိုလည်း  ပုဒ်မ ၅၀၅ (က ) နဲ့ တရားစွဲထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013