DVB Logo
Home
မြန်မာသတင်း
မတရားဖမ်းဆီးခံရသူများကို အမြန်လွှတ်ပေးရန် ဘားအံတွင် ထိုင်သပိတ်ဆန္ဒပြတောင်းဆို
DVB
·
February 17, 2021
မတရားဖမ်းဆီးခံရသူများကို အမြန်လွှတ်ပေးရန် ဘားအံတွင် ထိုင်သပိတ်ဆန္ဒပြတောင်းဆို
1 / 6
Donate to DVB

မတရားဖမ်းဆီးခံရတဲ့သူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ကရင်ပြည်နယ်၊  ဘားအံမြို့နယ် တရားရုံးအနီးမှာ အင်အားသိန်းချီပြီး ထိုင်သပိတ် ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒထုတ်ဖော်ရာမှာ ကန်သာယာ (ညစျေး) စုရပ်ကနေ ဗိုလ်ခမြို့နယ်တရားရုံနဲ့ ပြည်နယ်ဥပဒေရုံးရှေ့တွေမှာ မတရားဖမ်းဆီးခံနေရတဲ့ သမ္မတကြီး၊ နိုင်ငံတော်အတိုင်ပင်ခံနဲ့ ဖမ်းဆီးခံခေါင်းဆောင်တွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ကြွေးကြော်သံတွေနဲ့ ငြိမ်းချမ်းစွာ  ဆန္ဒထုတ်ဖော်ခဲ့တာပါ။

“မတရား စစ်အာဏသိမ်းယူပြီး နိုင်ငံခေါင်းဆောင်တွေ၊ ကျနော်တို့ ဆရာ ဆရာမတွေ အပါအဝင် အားလုံးကို  မတရားပုဒ်မတပ်ပြီး တရားစွဲတာကို လုံးဝ လက်မခံဘူး။ ရှုံချတယ်။ မလွတ်မချင် တောင်းဆိုတိုက်ပွဲဝင်သွားမယ်” လို့ ဆန္ဒထုတ်ဖော်ပွဲမှာ  ကိုယ်တိုင်ပါဝင်ခဲ့သူတစ်ဦးက ပြောသည်။

ကရင်​ပြည်နယ် ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်တွေ အစိုးရနည်းပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီး ဒေါက်တာ ချိုယုမွန်၊ ဘားအံတက္ကသိုလ် လက်ထောက်မော်ကွန်းထိန်း ဒေါ်နန်းစန္ဒာချို၊ အင်ဂျင်နီယာဌာနမှူး ဦးလှအောင်တို့ကို ဥပဒေမဲ့ ဖမ်းဆီးထားတဲ့အပေါ် အမြန်ဆုံး ပြန်လည်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒထုတ်ဖော်ရာမှာ ဌာနဆိုင်ရာတွေ၊ သူနာပြုသင်တန်းကျောင်း၊ လူငယ်အင်ဂျင်နီယာတွေနဲ့ အင်ဂျင်နီယာ​ကျောင်းသား ကျောင်းသူတွေ၊ ဆရာ ဆရာမတွေ၊ ကျောင်းသားကျောင်းသူတွေ၊ LGBT တွေ၊ မြို့နယ်အတွင်းက အလုပ်သမား၊ လယ်သမားစတဲ့ အလွှာပေါင်းစုံနဲ့ စစ်အာဏာရှင် စနစ်ကို မလိုလားတဲ့ ပြည်သူတွေ  ပူးပေါင်းပါဝင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဆန္ဒထုတ်ဖော်ရာမှာ ဒီမိုကရေစီရရှိရေ၊ စစ်အာဏာရှင် အလိုမရှိ၊ အမေစုနဲ့ သမ္မတကြီး ချက်ချင်းလွတ်၊  ဖမ်းဆီးခံ ခေါင်းဆောင်များ ချက်ချင်းလွတ်၊ ဗိုလ်ချုပ်ပေးတဲ့စစ်ပညာ ပြည်သူတွေ ကို သတ်ဖို့ မဟုတ်ဘူး၊ ရုံးမတက်နဲ့ ရုန်းထွက်၊ ဖမ်းဆီးခံခေါင်းဆောင်တွေ ချက်ချင်းလွတ် စတဲ့ ကြွေးကြော်သံတွေနဲ့ ထိုင်သပိတ်ပြုလုပ်ပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013