DVB Logo
Home
မြန်မာသတင်း
စစ်အာဏာသိမ်းမှုဆန့်ကျင်ကြောင်း ဂျပန်ရောက် မြန်မာလူငယ်များက သတင်းစာရှင်းပွဲပြုလုပ် ကြေညာ
DVB
·
February 17, 2021
စစ်အာဏာသိမ်းမှုဆန့်ကျင်ကြောင်း ဂျပန်ရောက် မြန်မာလူငယ်များက သတင်းစာရှင်းပွဲပြုလုပ် ကြေညာ
1 / 4
Donate to DVB

ဂျပန်နိုင်ငံရောက်မြန်မာလူငယ်တွေက ဂျပန်နိုင်ငံရဲ့ ထင်ရှားတဲ့ တိုကျိုမြို့ ဂင်ဇာရှီ Goodwayမှာ မြန်မာစစ်တပ်ရဲ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ကြောင်း ဖေဖော်ဝါရီ ၁၆ ရက်   ညက သတင်းစာရှင်လင်းပွဲပြုလုပ် ကြေညာလိုပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ ပါဝင်ဦးဆောင်ခဲ့သူ ကုမ္ပဏီဝန်ထမ်းတဦး ဖြစ်တဲ့ မခိုင်ဇင်က “ကျမတို့က ဂျပန်နိုင်ငံမှာ ဆက်လက်ပညာသင်ယူခဲ့ကြပြီး နယ်ပယ်အသီးသီးမှာ လုပ်ငန်းခွင်ဝင်နေကြပါပြီ။ ဂျပန်နိုင်ငံလို ကမ္ဘာထိပ်သီးနိုင်ငံကြီးမှာ သင်ယူလေ့လာခဲ့တာတွေကို မကြာခင်မှာ ကိုယ့်မိခင် မြန်မာနိုင်ငံ တိုးတက်ရေးအတွက် ပြည်တွင်း ပြည်ပက မြန်မာလူငယ်တွေ ချိတ်ဆက်ပူးပေါင်းပြီး ကြိုးစားဆောင်ရွက်ကြမယ့် ရည်ရွယ်ချက်တွေ၊ အိပ်မက်တွေ ရိုက်ချိုးခံရသလိုပါပဲ။ ဒါကြောင့် မြန်မာလူငယ်တွေကိုယ်စား ကျမတို့က အခုလို စစ်အာဏာသိမ်းတာကို ဆန့်ကျင်ကြောင်း ပြတ်ပြတ်သားသား ဖော်ပြချင်လို့ အခုလို သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကြရတာပါ” လို့  ဒီဗွီဘီကို ပြောပါတယ်။

အသက် ၁၉ နှစ်အရွယ် တက္ကသိုလ်ကျောင်းသူတဦး အပါအဝင် ဆန္ဒပြ မြန်မာနိုင်ငံသားတွေကို အကြမ်းဖက်ပစ်ခတ်နှိမ်နင်းမှုတွေ ဖမ်းဆီးနေတာတွေ ရှိနေတာကို ဂျပန်အစိုးရ ဂျပန်ပြည်သူတွေနဲ့ ကမ္ဘာကို ဂျပန်မီဒီယာကတဆင့် သိရှိစေချင်လို့ အခုလို အထောက်အထားတွေနဲ့ ရှင်းလင်းတင်ပြရင်း ပါဝင်ရတာပါလို့လည်း သတင်းစာရှင်းလင်းပွဲ ဦးဆောင်သူတဦး ဖြစ်တဲ့ ဂျပန်ကုမ္ပဏီဝန်ထမ်း မသီရီက သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဂျပန်နိုင်ငံက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်း တိုးတက်စေဖို့ကို ကူညီပေးခဲ့ပေမဲ့ အခုလို စစ်အာဏာသိမ်းမှုက နောက်ပြန်ဆုတ်စေတဲ့အတွက် မြန်မာပြည်သူတွေရဲ့ လက်ရှိ ဖြတ်သန်းနေရတဲ့ ဘဝတွေကို သိရှိစေတဲ့အကြောင်းနဲ့  မြန်မာပြည်သူတွေရဲ့ဆန္ဒနဲ့ထပ်တူ ဂျပန်အစိုးရက အမြန်ဆုံး မြန်မာစစ်တပ်ခေါင်းဆောင်တွေကို အမြန်ဆုံး အရေးယူ ပိတ်ဆို့ကာ အသိအမှတ်မပြုဖို့လည်း ဂျပန်နိုင်ငံမှာ ဆေးဝန်ထမ်းတဦးဖြစ်တဲ့ မလဲ့လဲ့က ထည့်သွင်း ပြောဆိုသွားပါတယ်။

အခုလက်ရှိ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းဆန့်ကျင်မှု လှုပ်ရှားဆောင်ရွက်နေကြတဲ့ လူငယ်တွေနဲ့ ထပ်တူရှိနေတာကို ပြသချင်လို့ရယ်၊ ကျမတို့ စစ်အာဏာရှင်အောက် နေခဲ့ရတဲ့ဘဝကို အခုလက်ရှိလူငယ်တွေကို ဒုက္ခရောက်မခံစားစေချင်လို့ အခုလို သတင်းစာရှင်းပွဲမှာ ကိုယ်တိုင်ဝင်ရောက်ပြောဆိုတာပါလို့လည်း တိုကျိုတက္ကသိုလ် ပါရဂူတန်းကျောင်းသူ မနန်းပွင့်ဖြူက ဒီဗွီဘီကို ပြောပါတယ်။

တိုကျိုမြို့မှာ ပြုလုပ်တဲ့ အဆိုပါ သတင်းစာရှင်းလင်းပွဲကို NHK သတင်းဌာနကြီးအပါအဝင် ဂျပန်နိုင်ငံက ထိပ်သီးသတင်းစာတွေနဲ့ ရုပ်သံသတင်းဌာနကြီးများစွာ တက်ရောက် သတင်းယူကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013