DVB Logo
Home
Lead Story
NLD ဌာနချုပ်ကို ရဲနှင့်စစ်တပ်က ဝိုင်းနေစဉ် ဦးအောင်ကြည်ညွန့်နှင့် မေးမြန်းချက်
DVB
·
February 15, 2021
NLD ဌာနချုပ်ကို ရဲနှင့်စစ်တပ်က ဝိုင်းနေစဉ်    ဦးအောင်ကြည်ညွန့်နှင့် မေးမြန်းချက်
Donate to DVB

ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဗဟို ရုံးချုပ်ကို စစ်တပ်နဲ့ ရဲလုံခြုံရေးတပ်ဖွဲ့တွေက  ဒီကနေ့ ဖေဖော်ဝါရီ ၁၅ ရက် ညနေပိုင်းမှာ အင်အားအလုံးအရင်းနဲ့ လာဝိုင်းခဲ့ပါတယ်။

ရုံးထဲမှာတော့ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်တချို့နဲ့ အန်အယ်လ်ဒီပါတီဝင်တချို့ ပိတ်မိနေခဲ့တာကြောင့် ပြည်သူလူထုတွေက လာရောက်ဝန်းရံ ဆန္ဒပြခဲ့ပြီးနောက်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပြန်လည်ထွက်ခွာသွားပါတယ်။

ဒီဖြစ်စဉ်ဖြစ်ပွားနေချိန်မှာ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအောင်ကြည်ညွန့်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။  

မေး ။ ။ ဟုတ်ကဲ့ ။ ပါတီရုံးချုပ်ကို ရှေ့မှာဝိုင်းထားတယ်ကြားလို့ အဲဒါနဲ့ပတ်သက်ပြီး အန်ကယ်တို့အနေနဲ့ ပြောစရာရှိမလားလို့ ပါခင်ဗျ။ ရုံးထဲကလူတွေတချို့နဲ့တော့ ကျွန်တော်ပြောထားပါတယ်။

ဖြေ ။ ။ အခု အန်အယ်လ်ဒီရုံးထဲမှာ ၁၆ ယောက်ပိတ်မိနေပါတယ်။ တကယ်တော့ အခု ဒီအချိန်မှာက ဘယ်လိုခေါ်မလဲဆိုတော့ လုပ်နေတဲ့ပုံစံမျိုးက ရှိနေတဲ့ အခင်းအကျင်းပေါ်မှာမူတည်ပြီးတော့ ဘာလုပ်နေတယ်ဆိုတာကိုတောင် ကျနော်တို့ သဘောမပေါက်တော့ဘူးဗျ။ ကျတော် NLD ထဲကို ပထမ စ၀င်တော့ အဲဒီမှာရှိတဲ့ ဆရာဘမျိုးသိန်းကို လာတွေ့တော့ ဆရာဘမျိုးသိန်းက ရဲအရာရှိကိုတော့ ပြောလိုက်တယ်။ ဒါကျနော်တို့ ဖောက်ထွင်းခံထားရတာရှိတယ်။ တိုင်ချက်လည်းဖွင့်ထားတယ်။ဒါကြောင့်လက်ရာ ‌ခြေရာမပျက်ဘဲထားထားတယ်လို့ ပြောလိုက်တော့ ဘာမှမလုပ်ဘဲနဲ့ ပြန်ထွက်သွားပြီးတော့ တိုင်ပင်အုံးမယ်ဆိုပြီးတော့ အချိန်တွေအကြာကြီးဒီလိုဝိုင်းထားတာပဲဗျာ ။ အခုနောက်ဆုံးအခြေအနေ ဘယ်လိုရောက်နေလဲဆိုတာတော့ ကျနော်လည်း မသိဘူး။

မေး ။ ။ ဟုတ်ကဲ့။ကျနော်တို့ ကြားတာက ဦးအောင်ကြည်ညွန့်နဲ့ အန်တီဒေါ်မေ၀င်းမြင့်ကို လာရှာတယ်လို့လည်း ကြားသိရပါတယ်ခင်ဗျ။ အန်ကယ်တို့ ဘာပြောစရာရှိဦး မလဲခင်ဗျ။

ဖြေ ။ ။ ဘာမှတော့ အထူးပြောစရာမရှိပါဘူးဗျ။ သူတို့က CECဖြစ်တဲ့အတွက်ကြောင့် ဆိုပြီးတော့ ကျနော်တို့နှစ်ယောက်ကို ဖမ်းချင်တာ။ ဖမ်းမယ်ဆိုတဲ့ ပုံစံမျိုးတွေနဲ့ လာပြီးရှာတာလည်း ဖြစ်ကောင်းဖြစ်နိုင်တာပေါ့။

မေး ။ ။ ဒီအဖြစ်အပျက်တွေနဲ့ပတ်သက်ပြီး မှတ်ချက် တစ်စုံတရာပြောပေးပါအုံး။

ဖြေ ။ ။ အစကတည်းကနေအဆုံးအထိ ဥပဒေနဲ့မညီပဲ ၊ဥပဒေနဲ့ဆန့်ကျင်ပြီးတော့ ၊ အစကနေအဆုံးအထိ တကယ်တမ်းဖြစ်သင့်တဲ့ တရားဥပဒေစိုးမိုးမှုကို နည်းမျိုးစုံနဲ့ဖောက်ဖျက်နေတဲ့ လုပ်ငန်းရပ်တွေပဲဆိုတာ ပေါ်လွင်ပြီးသားကြီးဖြစ်နေတယ်လို့ ပြောချင်ပါတယ်ခင်ဗျာ။

မေး ။ ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013