DVB Logo
Home
မြန်မာသတင်း
ရပ်ကွက်များအတွင်း ညအချိန်ဝင်ရောက်မှုဖြင့် ဖမ်းထားသူများကို ပြည်သူ့ဆန္ဒအရ ရဲလက်မအပ်
DVB
·
February 14, 2021
ရပ်ကွက်များအတွင်း ညအချိန်ဝင်ရောက်မှုဖြင့် ဖမ်းထားသူများကို ပြည်သူ့ဆန္ဒအရ ရဲလက်မအပ်
Donate to DVB

ညမထွက်ရအမိန့် ထုတ်ထားတဲ့ ရန်ကုန်တိုင်း မြို့နယ်အချို့က ရပ်ကွက်တွေအတွင်း ဝင်ရောက်မှုနဲ့ ဖမ်းဆီးမိထားသူတွေအား ပြည်သူတွေရဲ့ဆန္ဒအရ  ရဲတပ်ဖွဲ့ကို  မအပ်ဘူးလို့ ဦးဆောင်ဖမ်းဆီးသူက ပြောပါတယ်။ 

စစ်အစိုးရအာဏာသိမ်းပြီး ဆယ်ရက်ကျော်အကြာ  ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာတော့ တစ်နိုင်ငံလုံးမှာရှိတဲ့ အကျဉ်းထောင်အသီးသီးကနေ အကျဉ်းသား ၂ သောင်းကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပါတယ်။

အဲဒီနေ့ညပိုင်းမှာပဲ ရန်ုကုန်မြို့ရဲ့ မြို့နယ်တွေမှာ လူစိမ်းတွေ ဝင်ရောက်လာတာကြောင့်  ရပ်ကွက်ပြည်သူတွေက ဝိုင်းဝန်းဖမ်းဆီးခဲ့ကြပါတယ်။

ဖမ်းဆီးမိတဲ့ သူတွေလက်ထဲမှာတော့ တုတ်၊ ဓား၊ မက်သတုံး ဆေးပုလင်းတွေနဲ့ မီးလောင်အောင် လုပ်ဆောင်တဲ့ ပစ္စည်းတွေ ပါရှိတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းအစိုးရက ည ၈ နာရီကနေ မနက် ၄ နာရီအချိန်အထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားပေမယ့်လည်း ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ည ပိုင်းမှာလည်း   သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက်အတွင်းမှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထောင်က လွတ်မြောက်လာတဲ့သူ ၃ ဦး ဖမ်းမိခဲ့ပါတယ်။

အဲဒီဖမ်းဆီးမိတဲ့သူတွေကို အဖြစ်မှန်ကို သိရအောင် မေးမြန်သွားမှာဖြစ်ပြီး   ရဲတပ်ဖွဲ့အား မယုံကြည်တဲ့အတွက်  ရဲစခန်းတွေကို လွှဲပေးမှာမဟုတ်ဘူးလို့  သင်္ဃန်းကျွန်းမြို့နယ်နေ ဦးဆောင်ဖမ်းဆီးခဲ့တဲ့ ကိုလတ်က ပြောပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ညပိုင်းမှာလည်း မြို့နယ်တိုင်းလိုလိုမှာ လူစိမ်းတွေကို ကားတွေနဲ့ လာချပေးမှုတွေ ရှိခဲ့သလို ဗိုလ်တထောင်၊ သင်္ဃန်းကျွန်းအပါအဝင် တောင်ဥက္ကလာ၊ လမ်းမတော်၊ စမ်းချောင်း၊ မှော်ဘီ၊ အလုံ၊ ရွှေဂုံတိုင် စတဲ့မြို့နယ်တွေမှာလည်း လူစိမ်းတွေကို ဖမ်းဆီးမိခဲ့ပါတယ်။

ဖမ်းဆီးမိခဲ့တဲ့ သူတွေထဲမှာ ဆယ်ကျော်သက်အရွယ်တွေနဲ့ သံဃာအတုတွေပါ ဖမ်းဆီးမိခဲ့တယ်လို့ တောင်ဥက္ကလာပမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းက ပြောပါတယ်။

စစ်အစိုးရအာဏာသိမ်းပြီးနောက်ပိုင်းမှာ နိုင်ငံခေါင်းဆောင်တွေကို ဖမ်းဆီးထားသလို စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပါဝင်တဲ့ ဝန်ထမ်းတွေကိုလည်း ညပိုင်းတွေမှာ လာရောက်ဖမ်းဆီးတာတွေ ရှိနေပါတယ်။  

စစ်အာဏာရှင်စနစ် ကျဆုံးရေးအတွက် ရန်ကုန်မြို့အနှံ့ သံရုံးတွေရှေ့မှာ ပြည်သူတွေက ဆန္ဒပြတောင်းဆိုနေကြသလို ည ၈ နာရီအချိန်မှာလည်း သံပုံးတီးပြီး စစ်အစိုးရဆန့်ကျင်ရေး နေ့စဉ်လုပ်ဆောင်နေကြပါတယ်။

သူဇာလင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013