DVB Logo
Home
မြန်မာသတင်း
ဦးခေါင်းသေနတ်မှန်ခဲ့သည့် မမြသွဲ့သွဲ့ခိုင် ဦးနှောက်သေသွားပြီဟု ဆရာဝန်ပြော
DVB
·
February 12, 2021
ဦးခေါင်းသေနတ်မှန်ခဲ့သည့် မမြသွဲ့သွဲ့ခိုင် ဦးနှောက်သေသွားပြီဟု ဆရာဝန်ပြော
Donate to DVB

နေပြည်တော်မှာ စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က အကြမ်းဖက် သေနတ်နဲ့ပစ်ခတ်ရာမှာ ဦးခေါင်းကို သေနတ်ကျည်ဆန်ထိမှန်ခဲ့တဲ့ မမြသွဲ့သွဲ့ခိုင်ဟာ ဒီကနေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ဦးနှောက်လုံးဝ သေသွားပြီး  နှလုံးခုန်နေတာပဲရှိတော့တယ်လို့ နေပြည်တော် ကုတင်(၁၀၀၀) က ဆရာဝန်တစ်ဦးက အတည်ပြုပြောပါတယ်။

“ ဦးနှောက်သေ(Brain Dead) သွားပါပြီ၊ ဆေးပညာအရဆို သေလူနဲ့မခြား ပြောရမှာပေါ့၊ အသက်မရှူတော့ဘူး၊ နှလုံးခုန်နေတာပဲရှိတော့တယ်” လို့ အဆိုပါဆရာဝန်က ပြောပါတယ်။

အသက်ရှူစက် ဖြုတ်လိုက်ရင် သေဆုံးသွားမှာဖြစ်တဲ့အတွက် မိသားစုရဲ့ သဘောထားကို မေးမြန်းနေဆဲဖြစ်တယ်လို့လည်း ဆိုပါတယ်။

“ဟိုတလောက ဦးနှောက်က မသေသေးဘူး၊ အခုက ဦးနှောက်လုံးဝ သေသွားပြီ။ အသက်ရှူစက်ဖြုတ်လိုက်ရင်တော့ သေလူဖြစ်သွားပြီပေါ့၊ အခုတော့ အသက်ရှူစက်ဖြုတ် မဖြုတ် မိသားစုရဲ့ သဘောကို မေးနေတုန်းရှိပါသေးတယ်” လို့ ပြောပါတယ်။

ဖေဖော်ဝါရီလ ၉ ရက်နေ့က ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် မမြသွဲ့သွဲ့ခိုင်ရဲ့ ဦးခေါင်းကို ထိမှန်တဲ့ ကျည်ဆန်ဟာ ရာဘာကျည် မဖြစ်နိုင်ဘဲ ကျည်ဆံအစစ်ဖြစ်ဖို့ ရာခိုင်နှုန်းများတယ်လို့လည်း ဆရာဝန်တွေက သုံးသပ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013