မကွေးမြို့မှာ ဖေဖော်ဝါရီ ၁၂ ရက်နေ မနက်ပိုင်းက စစ်အာဏာရှင်ကျဆုံးရေး လူဦးရေသိန်းနဲ့ချီ နေရာစုံရပ်ကွက်အစုံကနေ အသွင်သဏ္ဌာန်မျိုးစုံနဲ့ ချီတက် သပိတ်မှောက်နေကြပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေက တားမြစ်တာတွေရှိပေမယ့်လည်း ထိပ်တိုက်တိုးတာမျိုး မပြုလုပ်ဘဲ လမ်းကြားတွေကနေ ဖောက်ထွက်ပြီး စစ်ဏာရှင်ကျဆုံးရေး သပိတ်မှောက်နေကြတာပါ။
မကွေးမြို့အနေနဲ့ စစ်အာဏာရှင်ကျဆုံးရေး ဆန္ဒပြပွဲကို ဖေဖော်ဝါရီ ၆ ရက်နေ့က လူဦးရေ ၃ သောင်းကျော်လောက်နဲ့ စတင်ခဲ့ပြီး နောက်ရက်တွေမှာတော့ ဌာနပေါင်းစုံက ဝန်ထမ်းတွေ၊ ကျောင်းသားတွေနဲ့ ပြည်သူအင်အား ၃ သိန်းကျော်လောက်ထိ တိုးလာပြီး ဒီကနေ့ဆိုရင် ၇ ရက်မြောက်နေ့ ဖြစ်ပါတယ်။
နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေရဲ့ ပြောကြားချက်အရ မကွေးမြို့အနေနဲ့ ဌာနဆိုင်ရာတွေ အလုပ်မဆင်းဘဲ CDM လှုပ်ရှားမှုဟာလည်း ၉၀ ရာခိုင်နှုန်းခန့် အောင်မြင်ပြီလို့ သိရပါတယ်။
သတင်း-မင်းထီး