DVB Logo
Home
Lead Story
မြန်မာ့အရေး အာဆီယံနိုင်ငံတို့ တစ်ခါသေဖူး ပျဉ်ဖိုးနားလည်သင့်ပြီ
DVB
·
February 11, 2021
မြန်မာ့အရေး အာဆီယံနိုင်ငံတို့ တစ်ခါသေဖူး   ပျဉ်ဖိုးနားလည်သင့်ပြီ
Donate to DVB

အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံမှာ မြန်မာက အဖွဲ့ဝင်နိုင်ငံ မဖြစ်လာခင်တည်းက အာဆီယံဟာ မြန်မာကို မစဉ်းမစား ကာကွယ်ပေးခဲ့တယ်။ အိမ်နီးချင်းတွေနဲ့ ဒေသတွင်း မိတ်ဖက်တွေရဲ့ ဖိအားက အပြောင်းအလဲ ဖြစ်စေမယ်လို့ ယုံကြည်နေခဲ့ကြတယ်။ ဒါပေမဲ့ ဒီလုပ်ရပ်ဟာ အာဆီယံရဲ့ ဂုဏ်သိက္ခာကို အလွန်အမင်းဆုံးရှုံးစေခဲ့တယ်။ ဒေသတွင်း မတည်မငြိမ် ဖြစ်စေခဲ့တယ်။ 

ကံကောင်းစွာနဲ့ အနှစ်၂၀ နီးပါး အကြာမှာ အပြောင်းအလဲ ရှိခဲ့ပေမယ့် ခုတော့ နောက်ကြောင်းပြန်နေပြီလို့  ထိုင်းနိုင်ငံက ဝါရင့်သတင်းစာဆရာ  ကာဝီချုံကစ်တာဝုန်က ဘန်ကောက်ပို့စ် သတင်းစာရဲ့ အတွေးအမြင် ကဏ္ဍမှာ ဖေဖော်ဝါရီ ၉ ရက်က ရေးသား ဖော်ပြ ထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီ (SAC)ဟာ အရေးပေါ် အခြေအနေ ကြေညာထားတဲ့ မြန်မာနိုင်ငံကို တနှစ် အုပ်ချုပ်ဖို့ အကြီးတန်း စစ်ဘက်အရာရှိကြီးတွေနဲ့ နည်းပညာရှင်တွေကို ဝန်ကြီးအဖြစ် ခန့်အပ်ရာမှာ သမ္မတဦးသိန်းစိန် လက်ထက်က တာဝန်ထမ်းဆောင်ခဲ့ဖူးသူတချို့ ပါဝင်လာခဲ့တယ်။ သူတို့ထဲမှာမှ ဦးဝဏ္ဏမောင်လွင်ကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်တာဟာ အာဆီယံနဲ့ နိုင်ငံတကာ လူ့အဖွဲ့အစည်းကို ချိတ်ဆက်ချင်လို့လို့ သူက ထောက်ပြပါတယ်။

ဦးဝဏ္ဏမောင်လွင်ဟာ ကုလသမဂ္ဂ၊ ဆွစ်ဇာလန်၊ ဘယ်လ်ဂျီယံ၊ ပြင်သစ် တို့အပါအဝင် အနောက်နိုင်ငံ အတော်များများမှာ တာဝန် ထမ်းဆောင်ခဲ့ဖူးပြီး နောက်ပိုင်းမှာ ၂၀၁၁ ကနေ ၂၀၁၆ မတ်လ အထိ နိုင်ငံခြားရေး ဝန်ကြီးတာဝန်ကို ထမ်းဆောင်ခဲ့ဖူးတယ်လို့လည်း ကာဝီက ဖော်ပြပါတယ်။

 တနင်္လာနေ့တုန်းက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ထိုင်းဝန်ကြီးချုပ် ပရာယွတ်သ် ချန်အိုချာဆီ စာမျက်နှာ ၆ မျက်နှာပါပြီး အာဏာသိမ်းရတဲ့ အကြောင်းရင်းကို ရှင်းပြထားတဲ့ ကိုယ်ရေးကိုယ်တာ စာတစောင် ပေးပို့ခဲ့တယ်။ စာထဲမှာ အဆုံးသတ် အနေနဲ့ ဒီမိုကရေစီ လုပ်ငန်းစဉ်တွေ အခြေခိုင်အောင် တပ်မတော်က အားထုတ်ရာမှာ ထိုင်းနိုင်ငံရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ ဉာဏ်ပိုင်းဆိုင်ရာ အကူအညီတွေကို မေတ္တာ ရပ်ခံတယ်လို့ ပါရှိတယ်။ ဒါဟာ တခြား အာဆီယံ နိုင်ငံတွေ အတွက် ဥပမာပဲလို့လည်း ကာဝီက ပြောပါတယ်။

မြန်မာ အာဏာသိမ်း စစ်ကောင်စီဟာ လာမယ့် ၁၁ လမတိုင်ခင် စိန်ခေါ်မှု အမျိုးမျိုးကို ကျော်လွှားဖို့ အာဆီယံအဖွဲ့ကို ဖြစ်နိုင်သမျှ နည်းအားလုံးနဲ့ ချဉ်းကပ်ရမယ် အာဆီယံဟာ အာဏာသိမ်းတဲ့ရက်မှာတင် အချက်လေးချက်ပါတဲ့ ဥက္ကဋ္ဌရဲ့ ကြေညာချက်ကို ထုတ်ပြန်ပြီး သူ့ရဲ့ သဘောထားကြီးမှုကို ပြခဲ့ပြီးပြီ။ အတိတ်တုန်းကလည်း အာဆီယံဟာ ပြောဖို့လိုတိုင်း ပြောခဲ့ပြီးပြီ။ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး ကာလမှာတုန်းကလည်း အာဆီယံဟာ သူ့စကားကို ပျော့ပျော့ပြောင်းပြောင်း မပြောခဲ့ဘူး။ စစ်တပ်က ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေတဲ့ သူတွေကို သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ စက်ဆုပ်ရွံရှာမှုကို ဖော်ပြတဲ့ ကြေညာချက်ကို ထုတ်ခဲ့ဖူးတယ်လို့ ကာဝီက ပြန်လှန် သုံးသပ် ဖော်ပြပါတယ်။

ကပ်ဘေးကာလကြီးမှာ ကံကောင်းတာက မျက်နှာချင်းဆိုင် အစည်းအဝေးတွေကို တားမြစ်ပိတ်ပင်ထားတယ်။ ဒါကြောင့် အွန်လိုင်းညီလာခံဟာ အရင်ကလို သံတမန် ပြဿနာတွေကို မဖြစ်ပေါ် စေဘူး၊ နို့မို့ရင် အနောက်နိုင်ငံတွေက မိတ်ဖက်တွေနဲ့ အာဆီယံကြား ဆက်ဆံရေး အတွက် သဘောတူညီချက် မူကြမ်းတွေနဲ့ ကျင့်ထုံးစနစ်တွေ အတွက် ခြေလှမ်းတွေဟာ ကြီးမားတဲ့ အခက်အခဲကြီး ဖြစ်သွားနိုင်တယ်လို့လဲ ကာဝီက ပြောပါတယ်။

 ဦးဝဏ္ဏမောင်လွင်ရဲ့ အတွေ့အကြုံနဲ့ဆိုရင် သူနဲ့ အာဏာသိမ်း စစ်ကောင်စီတို့ဟာ ဘယ်လို အကြမ်းဖက်မှုမှ မဖြစ်ဘဲ မြန်နိုင်သမျှ အမြန်ဆုံး ပုံမှန် ပြန်ဖြစ်အောင် ကြိုးစားပြီး အာဆီယံမှာ ဆက်လက်ထိတွေ့ဆဲ ဖြစ်တာ သေချာစေဖို့ မြန်ဆန်ပြီး အရှည်ကိုမျှော်ကြည့်နိုင်တဲ့ ခြေလှမ်းတွေကို မကြာခင် လှမ်းတော့မယ်လို့ ကာဝီက သုံးသပ် ဖော်ပြခဲ့ပါတယ်။

ကိုးကား- Bangkok Post

(ဆောင်းပါးရှင် ကာဝီချုံကစ်တာဝုန်ဟာ ဒေသတွင်း အရေးကိစ္စတွေကို ပင်တိုင်ရေးသားတဲ့ ဝါရင့် သတင်းစာဆရာတယောက်လည်း ဖြစ်ပါတယ်။)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013