Home
မြန်မာသတင်း
ဘားအံမြို့တွင် ဆန္ဒထုတ်ဖော်ရန် လာရောက်သူများကို ရဲအင်အားသုံးဖမ်းဆီး
DVB
·
February 11, 2021
149535622_805393313654277_958865850999156289_o
149309151_805393593654249_4110429909321117467_o
149296163_805393710320904_8445644237309374369_o
149230698_805394536987488_1381578678411364346_o
148919602_805393183654290_580460688235727805_o
148856652_805394790320796_6342653762112527120_o
148751118_805393026987639_9023258724251439761_o
148700289_805392890320986_2094312402641765727_o
148700055_805393453654263_5323534273880250294_o
148280859_805393963654212_2924700548845128024_o

ကရင်ပြည်နယ် ဘားအံမြို့မှာ ဖေဖော်ဝါရီ ၁၁ ရက်မနက်  ၇  နာရီခွဲခန့်က စစ်အာဏာရှင်စနစ်ဖြုတ်ချရေး  ဆန္ဒထုတ်ဖော်မယ့် ဒေသခံပြည်သူတွေကို ရဲတပ်ဖွဲ့က အင်အားသုံးဖမ်းဆီးပြီး ထိန်းသိမ်းခေါ်ဆောင်သွားပါတယ်။

စတုတ္ထမြောက်ရက်နေ့အဖြစ် ဆန္ဒထုတ်ဖော်ပွဲအတွက် စုရပ်အဖြစ်သတ်မှတ်ထားတဲ့ အထက ၁ ကျောင်းရှေ့နဲ့ မြို့အဝင်တွေမှာ  ရဲအင်အားအလုံးအရင်းနဲ့ လာရောက်တဲ့သူတွေကို စောင့်ဆိုင်းဖမ်းဆီးနေတယ်လို့ သိရပါတယ်။

အင်းအားသုံးဖမ်းဆီးရာမှာ ဒေသခံတွေ စီးနှင်းလာတဲ့ မော်တော်ယာဥ်၊ ဆိုင်ကယ်တွေကိုလည်း သိမ်းဆည်းသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ဘားအံမြို့နယ်၊ နောင်လုံကျေးရွာမှာပြုလုပ်တဲ့ ကရင်အမျိုးသားနေ့အခမ်းအနားကို တက်ရောက်ဖို့ လာရောက်တဲ့ သူတွေကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မျက်မြင်တွေက ပြောပါတယ်။

ရဲမင်းခေါင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024