စစ်အာဏာရှင်အလိုမရှိကြောင်း အင်းစိန်၊ ကွယ်ကဘောဆေးရုံရှေ့ ထိုင်သပိတ်စတင်
DVB
·
February 10, 2021
ဖေဖော်ဝါရီ ၁၀ ရက်နေ့မနက်ပိုင်းမှာ အင်းစိန်လူငယ်တွေစုပေါင်းပြီး ကွယ်ကဘောဆေးရုံရှေ့မှာ စစ်အာဏာရှင်အလိုမရှိကြောင်း ထိုင်သပိတ်စတင်နေပါတယ်။
စစ်အာဏာရှင်အလိုမရှိ၊ ဖမ်းဆီးခံခေါင်းဆောင်တွေ အမြန်ပြန်လွှတ်ပေးရေး၊ ရွေးကောက်ခံအရပ်သားအစိုးရကို အာဏာပြန်လွှဲပေးရေးအတွက် လူငယ်တွေက ငြိမ်းချမ်းစွာတောင်းဆိုနေကြပါတယ်။
သတင်းဓါတ်ပုံ - နေလင်းအောင်၊ ဇေယျာချမ်းအေး