DVB Logo
Home
မြန်မာသတင်း
ဝမ်းတွင်းမြို့တွင် ဓမ္မစင်္ကြာရွတ်၊ မေတ္တာသုတ်ရွတ်ပြီး စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြ
DVB
·
February 23, 2021
ဝမ်းတွင်းမြို့တွင် ဓမ္မစင်္ကြာရွတ်၊ မေတ္တာသုတ်ရွတ်ပြီး စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြ
1 / 5
Donate to DVB

မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ် ဖေဖေါ်ဝါရီ ၂၃ ရက်နေ့မှာ ဆရာဆရာမတွေက ဓမ္မစင်္ကြာ ရွတ်တာ၊ မေတ္တာသုတ်ရွတ်ပြီး စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဝမ်းတွင်းမြို့လယ်ဓမ္မာရုံမှာ ဆရာ၊ ဆရာမတွေက ဓမ္မစင်္ကြာရွတ်ဖတ်တာ၊ မေတ္တသုတ်တော် ရွတ်ဖတ်တာကို အင်အား ၃၀၀လောက်နဲ့ ထိုင်သပိတ် လုပ်ဆောင်ခဲ့ကြတာပါ။

ဒါ့အပြင် ဆန္ဒပြသူတွေကလည်း ဝန်ထမ်းတွေ CDM လုပ်ဖို့ ရုံးဌာနတွေရှေ့မှာ နှိုးဆော်သံချပ်တွေ ဟစ်အော်ပြီး စစ်အာဏာရှင်အလိုမရှိကြောင်း အင်အား ၆၀၀၀ ကျော်နဲ့ ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြအမျိုးသားတစ်ဦးက “မနေ့က စစ်အာဏာရှင်ပြုတ်ကျရေး လမ်းပေါ်ထွက်ပြီး မြို့လုံးကျွတ် ဆန္ဒဖော်ထုတ်ပြီးပြီ။ ဒီနေ့တော့ အန္တရာယ်ကင်းအောင် ဓမ္မစင်္ကြာရွတ်တယ်။ မေတ္တာသုတ်ရွတ်ပြီး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်တာပါ" လို့ ပြောပါတယ်။

ဆိုင်ကယ်ကားတွေနဲ့ ဆန္ဒပြသူတွေကလည်း လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ချည်မျှင်စက်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ ပညာရေးဌာနတို့ရှေ့မှာ ရုံးတက်နေတဲ့ ဝန်ထမ်းတွေ CDM လုပ်ကြဖို့ နှိုးဆော်သံချပ်တွေ ဟစ်အော်ပြီး မေတ္တသုတ်ရွတ်ဖတ်ကာ ဆန္ဒပြခဲ့ကြပါတယ်။

    “အမေပေးတဲ့ နှစ်လစာ ယူထားသူတွေ ထွက်ခဲ့ ထွက်ခဲ့”၊ “ရုံးတံခါးပိတ်ပြီး ရုံးတက်နေတာ ပြည်သူတွေကို စော်ကားတာပဲ”၊ “တစ်နိုင်ငံလုံး ထွက်ကုန်ပြီ ဒို့ဝန်ထမ်းတွေ ငြိမ်မနေနဲ့”၊ “အလုပ်မသွားနဲ့ ဝန်ထမ်းတွေ အိမ်မှာနေပါဇိမ်ပဲဇိမ်ပဲ”၊ “အလုပ်မသွားနဲ့ ဝန်ထမ်းတွေ ပြည်သူတွေက ကျွေးထားမှာဗျ”၊ “အာဏာရှင်ကိုဖြုတ်ချဖို့ရာ ဝန်ထမ်းတွေက အဓိကပါပဲ”၊ “အရေးတော်ပုံကြီး အောင်ဖို့အရေး ဝန်ထမ်းအားလုံး ပါဝင်ပေး”၊ “ဒို့ပြည်သူတွေ ညီရဲ့လားဟေ့ ညီတယ်ဟေ့ ညီတယ်ဟေ့” ဆိုတဲ့ ကြွေးကြော်သံများနဲ့ CDMမှာ မပါဝင်သေးတဲ့ ဌာနဆိုင်ရာ ရုံးများရှေ့မှာ ဆိုင်ကယ်များကားများ ရပ်တန့်ဆန္ဒပြခဲ့ပြီး လာရောက်အားပေးဝန်းရံသူ ပြည်သူများကလည်း ရေသန့်တွေ ပေးဝေပြီး လက်ခုပ်တီးအားပေးခဲ့ကြပါတယ်။

သတင်း-ဓာတ်ပုံ-မောင်မောင်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013