DVB Logo
Home
မြန်မာသတင်း
အာဏာဖီဆန်ရေးလှုပ်ရှားသည့် ပြည်သူ့ဝန်ထမ်းများအတွက် ပြည်တွင်း၊ ပြည်ပ ပါဝင်လှူဒါန်းနိုင်
DVB
·
February 10, 2021
အာဏာဖီဆန်ရေးလှုပ်ရှားသည့် ပြည်သူ့ဝန်ထမ်းများအတွက် ပြည်တွင်း၊ ပြည်ပ ပါဝင်လှူဒါန်းနိုင်
Donate to DVB

စစ်တပ်အာဏာသိမ်းလုပ်ရပ်ကို ကန့်ကွက်ရှုတ်ချတဲ့ အနေနဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှု(Civil Disobedience Movement)မှာ ပါဝင်နေကြတဲ့  ပြည်သူ့ဝန်ထမ်းတွေမှာ ကြုံတွေ့လာရနိုင်တဲ့ အခက်အခဲတွေကို We Support Heroes က ကူညီပေးနေပါတယ်။

       ဒီလှုပ်ရှားမှုမှာ ပါဝင်တဲ့ ပြည်သူ့ဝန်ထမ်းတွေအနေနဲ့ နေရေး၊ စားရေး အခက်အခဲ ဖြစ်လာခဲ့ရင် ဖော်ပြပါ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာ- https://m.facebook.com/We-Support-Heroes-177800567082406/လင့်ခ်ကတဆင့် ဆက်သွယ်နိုင်ကြောင်း ကြေညာထားခဲ့ပြီး လတ်တလောမှာတော့ ဒီလှုပ်ရှားမှုမှာ ပါဝင် ကြသူတွေကို တဖက်တလမ်းက ကူညီလိုသူတွေအနေနဲ့ ၂/၂၀၂၁ ခိုင်မြဲသောလက်များ ကတဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ထုတ်ပြန်ထားခဲ့တာ ဖြစ်ပါတယ်။

       ပြည်တွင်း၊ ပြည်ပက ဆက်သွယ်လှူဒါန်းလိုသူတွေအနေနဲ့ စင်ကာပူ၊ အမေရိကန်၊ ဩစတေးလျ၊ မလေးရှားနိုင်ငံတွေအတွက် ဆက်သွယ်ရမယ့်သူရဲ့ ဖုန်းနံပါတ်တွေနဲ့ ယှဉ် တွဲဖော်ပြထားပြီး ပြည်တွင်းမှာတော့ ကမ္ဘောဇဘဏ်အကောင့်နံပါတ်၊ ကေပေးနဲ့ မိုဘိုင်း ဘဏ်စနစ်နဲ့လည်း လှူဒါန်းနိုင်တယ်လို့ ဆိုပါတယ်။

      ဖေဖေါ်ဝါရီ ၁ ရက်နေ့  မနက်အစောပိုင်းက နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊  နိုင်ငံ တော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရခေါင်းဆောင်ပိုင်းတချို့ကို စစ် တပ်ကဖမ်းဆီးလိုက်ကာ နိုင်ငံတော်အာဏာသိမ်းယူလိုက်ပြီးနောက်တနေ့မှာပဲ ဒီလှုပ်ရှား မှုကို ဆေးလောကသားတွေက စတင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ တခြားကဏ္ဍအသီးသီးက ပြည်သူ့ဝန်ထမ်းတွေ၊ အနုပညာရှင်တွေ၊ ပြည်သူတွေကပါ ပူးပေါင်းပါဝင်လှုပ်ရှား နေကြတာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၄ ရက်နေ့မှာတော့ မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံး မြို့တော်ဖြစ်တဲ့ မန္တလေးမြို့မှာ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပြည်သူတွေက ပထမဆုံးလမ်းပေါ်ထွက် ဆန္ဒပြမှုအနေနဲ့ စတင်ခဲ့ပြီး လက်ရှိအချိန်ထိ ရန်ကုန်၊ နေပြည်တော်အပါအဝင် ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်မြို့ကြီးတွေမှာပါ ဆန္ဒပြပွဲတွေ ဆက်တိုက်ဖြစ်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။

ဆက်သွယ်လှူဒါန်းရန်

Singapore

မစောယုဝေ

+65 9067 6052

+65 96435583

U.S.A

ကိုဝင်းကျော်

515 664 9797 (Cell Phone)

515 339 8771 (Cell Phone)

641 328 1012 Store

Australia

ကိုသက်လွင်

04 98625588

Malaysia

ကိုနေလင်းအောင်

+60 11 3109 4018

------

ပြည်တွင်း

KBZ Account

07910105701213801

KBZ Pay

09448032915

Mobile Banking

27930199925390401

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013