DVB Logo
Home
မြန်မာသတင်း
CDM လှုပ်ရှားသည့် ဗဟိုအမျိုးသမီးဆေးရုံ ကျန်းမာရေးဝန်ထမ်းများ အပြင်ဆေးခန်းများတွင် အခမဲ့ကုသပေး
DVB
·
February 8, 2021
CDM လှုပ်ရှားသည့် ဗဟိုအမျိုးသမီးဆေးရုံ ကျန်းမာရေးဝန်ထမ်းများ အပြင်ဆေးခန်းများတွင် အခမဲ့ကုသပေး
Donate to DVB

ရန်ကုန် ဗဟိုအမျိုးသမီးဆေးရုံကြီး ကျန်းမာရေးဝန်ထမ်းတွေဟာ စစ်အစိုးရ လက်အောက်မှာ အလုပ်မလုပ်ချင်လို့ (Civil Disobedience Movement - လူထုဆန့်ကျင်ရေး လှုပ်ရှားမှု - CDM) မှာ ပူးပေါင်းပါဝင်လိုက်ကြလို့ ရက်ချိန်း ပြန်ပြဖို့လိုတဲ့ လူနာတွေကို အပြင်ဆေးခန်းတွေက အခမဲ့ စမ်းသပ်ပေးနေပါတယ်။

ဒီနေ့ကစလို့ တနင်္လာနေ့ကနေ သောကြာနေ့တွေမှာ မနက် ၉ နာရီကနေ ၁၂ နာရီအထိ စမ်းသပ်ကြည့်ရှုပေးမှာမှာဖြစ်ပြီး ဆေးရုံမှတ်တမ်း၊ ကိုယ်ဝန်မှတ်တမ်းကဒ်တွေ ယူဆောင်လာကြဖို့ လိုအပ်ပါတယ်။

လတ်တလောမှာတော့ ရန်ကုန်က အထူးကုဆေးခန်းနဲ့ ဆေးရုံ ၄ ခုမှာ သားဖွားမီးယပ် ဆရာဝန်တွေက စမ်းသပ်ကုသအကြံပေးသွားမှာ ဖြစ်ပါတယ်။

စစ်အစိုးရကို ဆန့်ကျင်တဲ့ CDM မှာ ပူးပေါင်းပါဝင်လာကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ ဆေးရုံတွေ တရက်ထက်တရက် ပိုများလာပြီး လူနာတွေက အခမဲ့ကြည့်ရှုကုသပေးမဲ့ ဆေးရုံ၊ ဆေးခန်းတွေလည်း ပိုများလာပါတယ်။

ဒီနေ့မှာပဲ ဗဟိုအမျိုးသမီးဆေးရုံကြီးက လူနာတွေ လာပြနေပြီလို့ ဆေးခန်းတခုက ပြောပါတယ်။

သားဖွားမီးယပ်နဲ့ပတ်သက်ပြီး အခမဲ့ကြည့်ရှုပေးမယ့် ဆေးရုံ၊ ဆေးခန်းတွေကတော့—

၁။ ကောင်းမြတ် အထူးကုဆေးခန်းနှင့် ရောဂါ ရှာဖွေရေး၊ အမှတ် ၁၃၀၊ ရွှေတောင်တန်းလမ်း၊ လမ်းမတော်မြို့နယ်။ ဖုန်း-၀၉-၇၇၀၁၀၁၀၅၀၊ ၀၉၇၇၀၁၀၁၀၆၀ (ဝန်ဆောင်ခအခမဲ့၊ စမ်းသပ်ခ အခမဲ့)

၂။ မြတ်မွန်အထူးကုဆေးခန်းနှင့် ဆေးဆိုင်၊ အမှတ်၆၉၊ လှည်းတန်းလမ်း၊ လမ်းမတော် မြို့နယ်။ ဖုန်း- ၀၉-၄၄၁၁၁၃၀၀၄၊ ၀၉-၄၄၁၁၁၃၀၀၅၊ (ဝန်ဆောင်ခအခမဲ့၊ စမ်းသပ်ခ အခမဲ့)

၃။ ရွှေလမင်းဆေးရုံ(လမ်းမတော်)၊ အမှတ် ၁၅/၁၉၊ ဇော်ဂျီလမ်း၊ လမ်းမတော်မြို့နယ်။ ဖုန်း - ၀၁-၁၂၃၀၁၉၅၀၊ ၀၁-၁၂၃၁၄၈၂၅/၂၆၊ ၀၉-၈၉၉၄၀၀၀၁၁ (free consultation)(service discount)

၄။ မဉ္ဇူ အထူးကုဆေးခန်း။ အမှတ်၈၀ (A)၊ ကျောင်းကြီးလမ်း၊ ကြည့်မြင်တိုင်မြို့နယ်။ ဖုန်း-၀၉-၈၈၀၀၁၅၈၁၈၊ ၀၉-၈၈၀၀၁၅၈၁၇ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013