စစ်အာဏာရှင်ဆန့်ကျင်ရေး မုံရွာမြို့ ဆန္ဒပြပွဲ ပြည်သူသိန်းချီပါဝင်
DVB
·
February 7, 2021

1 / 11
မုံရွာမြို့က စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲကို လူအင်အားသိန်းနဲ့ချီ ပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။
ဒီဆန္ဒပြပွဲကို မုံရွာတင်မက ယင်းမာပင်၊ ဆားလင်းကြီးတို့က ဒေသခံတွေလည်း ပါဝင်ခဲ့ကြပါတယ်။
ဆန္ဒပြရာမှာ စစ်အာဏာရှင်စနစ်ပြုတ်ကျရေး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖမ်းဆီးထားသူများ ပြန်လွှတ်ပေးရေး၊ အရေးတော်ပုံအောင်ရမည် စတဲ့ကြွေးကြော်သံတွေကို ကြွေးကြာ်ခဲ့ကြပါတယ်။ ဒီဆန္ဒပြပွဲကို ကျောင်းသားလူငယ်တွေ၊ နိုင်ငံရေးပါတီတွေ၊ တက်ကြွလှုပ်ရှားသူတွေ ဦးဆောင်ခဲ့ကြပါတယ်။










