
တော့တင်ဟမ်ဟော့စပါးနည်းပြ ရော်ဘာတို ဒီဇာဘီက သူ့အသင်းအနေနဲ့ လက်ကျန် ၅ ပွဲစလုံးကို အနိုင်ယူပြီး တန်းဆင်းဇုန်ကနေ ရုန်းထွက်နိုင်စွမ်းရှိတယ်လို့ ယုံကြည်ချက်အပြည့်နဲ့ ပြောကြားလိုက်ပါတယ်။
ဘရိုက်တန်နဲ့ပွဲမှာ ဇာဗီဆိုင်မွန်ရဲ့ ဦးဆောင်ဂိုးနဲ့အတူ ၂၀၂၆ ခုနှစ်ရဲ့ ပထမဆုံးနိုင်ပွဲကို ရယူဖို့ နီးစပ်ခဲ့ပေမဲ့ ပွဲပြီးခါနီး ၉၅ မိနစ်မှာ ဂိုးပြန်ပေးလိုက်ရတာကြောင့် (၂-၂) ဂိုး သရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။
ဒီသရေရလဒ်ကြောင့် စပါးဟာ အမှတ်ပေးဇယား အဆင့် ၁၈၊ တန်းဆင်းဇုန်ထဲကို ရောက်သွားခဲ့ပေမဲ့ ဒီဇာဘီကတော့ စိတ်ဓာတ်မကျဘဲ "ကျနော်တို့မှာ အရည်အချင်းရှိတယ်၊ ကျန်တဲ့ ၁၅ မှတ်လုံးကို ရအောင်ယူမယ်" လို့ပြောပါတယ်။
ဒါ့အပြင် ကစားသမားတွေကိုလည်း လာမဲ့ တနင်္လာနေ့ လေ့ကျင့်ရေးကွင်းကို အပြုံးနဲ့လာကြဖို့ စိတ်ပျက်အားလျော့နေတဲ့သူတွေကို အိမ်ပြန်လွှတ်မှာဖြစ်တယ်လိုလည်း ပြတ်ပြတ်သားသား သတိပေးခဲ့ပါတယ်။










