DVB Logo
Home
မြန်မာသတင်း
စစ်အစိုးရကိုဆန့်ကျင်သည့်အနေဖြင့် စေတနာ့ဝန်ထမ်း ၂၀၀၀ ကျော်ပါအဖွဲ့ လုပ်ငန်းများရပ်ဆိုင်း
DVB
·
February 3, 2021
Donate to DVB

စစ်အစိုးရကို ဆန့်ကျင်တဲ့အနေနဲ့ ကိုဗစ်-၁၉ လူနာ ရာဇဝင်လိုက်ပေးနေတဲ့ စေတနာ့ဝန်ထမ်း ၂၀၀၀ ကျော်ပါတဲ့ အဖွဲ့ရဲ့ လုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်ပါတယ်။

ပြည်သူ့အာဏာမတရားသိမ်းယူခဲ့တဲ့ စစ်အစိုးရအဖွဲ့ကို ဆန့်ကျင်တဲ့အနေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ အားလုံးနုတ်ထွက်ကာ အစိုးရအပေါ် ကူညီနေတာတွေကို ဖေဖော်ဝါရီ ၂ ရက်ကစပြီး ရပ်ဆိုင်းလိုက်တယ်လို့ တာဝန်ခံတွေက ထုတ်ပြန်ပါတယ်။

ဆေးနဲ့ဆေးဖက်ဆိုင်ရာ ရောဂါကူးစက်မှုရှာဖွေရေးအဖွဲ့ တာဝန်ခံတယောက်က “ကျောင်းသား အများစုကလည်း ပြောလာကြတော့ ကျနော်တို့တာဝန်ခံတွေတိုင်ပင်ပြီး ဆက်မလုပ်ဖို့ ဆုံးဖြတ်လိုက်တာပါ။ လူနာဒေတာတွေ ပို့ပေးနေတဲ့ ဂရုပ်တွေကနေ ကျနော်တို့အားလုံး ထွက်လိုက်ပါပြီ” လို့ ပြောပါတယ်။

ရောဂါလမ်းကြောင်းလိုက်အဖွဲ့ (Contact Tracing Team) ကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာမှာ စတင်ဖွဲ့စည်းခဲ့ပြီး ဆေးဘက်ဆိုင်ရာ ကျောင်း ၇ ကျောင်းက စေတနာ့ဝန်ထမ်းတွေနဲ့ လုပ်ကိုင်ခဲ့တာပါ။

လက်ရှိမှာ စေတနာ့ဝန်ထမ်း ၂၁၀၀ ကျော်နဲ့ ကူညီလုပ်ကိုင်နေတာဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် မတ်လကတည်းကပဲ စတင်ပါဝင်ကူညီနေခဲ့တာလို့ တာဝန်ခံတယောက်က ပြောပါတယ်။

လူနာတွေရဲ့ ရာဇဝင် စုံစမ်းရာမှာ လိုအပ်တဲ့ ဖုန်းဘေလ်ကို ဆေးတက္ကသိုလ် ၁ ကနေ ၁ လမှာ ၁၀ သိန်းထောက်ပံ့ပြီး ကျောင်းသားသမဂ္ဂတွေကလည်း ကိုယ်တိုင်ရှာဖွေကြတယ်လို့ ဆိုပါတယ်။

“အစိုးရ၊ အစိုးရဆိုတာ ပြည်သူ့အစိုးရကို ပြောတာနော်။ သူတို့မှာလည်း အရမ်းခက်ခဲတယ်လေ။ ဒါကြောင့် ကျနော်တို့လည်း ကူညီ(ရန်ပုံငွေ) ရှာပေးမယ်ပြောတယ်။ ဒီမှာ ဆေး ၁ က သူတို့မှာ ရှိတဲ့ ရန်ပုံငွေကနေ တလကို ၁၀ သိန်းပေးပါတယ်” လို့ ဆိုပါတယ်။

အဖွဲ့အနေနဲ့ ဒီကာလအတွင်း လူနာပေါင်း ၂၅,၀၀၀ ရဲ့ နောက်ကြောင်းရာဇဝင် ထိတွေ့သူတွေကို စုံစမ်းပေးနိုင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013