
စစ်တပ်က အာဏာသိမ်းယူပြီးနောက် ရွေးကောက်ခံကိုယ်စားလှယ်ကို နေပြည်တော် စည်ပင်ဧည့်ရိပ်သာကို သွားလာခွင့်မပြုဘဲ ထိန်းသိမ်းထားရှိပြီး ဖေဖော်ဝါရီ ၂ ရက်နေ့ ညနေပိုင်းမှာတော့ ပြန်လည်ဖွင့်လှစ်ပြီး ဝင်ထွက်သွားလာနေကြတယ်လို့ သိရပါတယ်။
နေပြည်တော် စည်ပင်ဧည့်ရိပ်သာက လွှတ်တော်ကိုယ်စားလှယ်တွေကို ကိုယ့်အစီအစဉ်နဲ့ ကိုယ် နေရပ်ပြန်ဖို့ အာဏာသိမ်းစစ်အစိုးရ စစ်အရာရှိတဦးက မနေ့က လာရောက်ပြောကြားခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ နေပြည်တော် စည်ပင်ဧည့်ရိပ်သာကနေ တိုင်းရင်းသားပါတီအချို့ လွှတ်တော်ကိုယ်စားလှယ်အချို့ ပြန်သွားကြပေမယ့် အန်အယ်လ်ဒီ ကိုယ်စားလှယ်တွေကတော့ မပြန်ဘက် ဆက်နေကြတယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၂ ရက်နေ့ လွှတ်တော်အစည်းအဝေး တက်ရောက်ဖို့ ဇန်နဝါရီ ၃၁ ရက်နေ့ကတည်းက နေပြည်တော်စည်ပင်ရိပ်သာထဲ နေထိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် စစ်တပ်က လုံခြုံရေးတင်းကျပ်ပြီး ထိန်းသိမ်းထားခဲ့တာလည်း ဖြစ်ပါတယ်။
Photo : MPA











