DVB Logo
Home
မြန်မာသတင်း
Quarantine ထားရှိစဉ် ကွမ်းနှင့် ဆေးလိပ်လှည့်လည်ရောင်းချသူ အပါအဝင် ၃ ဦးကို အရေးယူ
DVB
·
April 14, 2020
Quarantine ထားရှိစဉ် ကွမ်းနှင့် ဆေးလိပ်လှည့်လည်ရောင်းချသူ အပါအဝင် ၃ ဦးကို အရေးယူ
Donate to DVB

နေပြည်တော်၊ စည်ပင်ဧည့်ရိပ်သာ ၁ မှာ ဖွင့်လှစ်ထားတဲ့ Quarantine စင်တာမှာ ထားရှိသူ ၃ ဦးဟာ စည်းကမ်းဖောက်ဖျက်တဲ့အတွက်  သဘာဝဘေး အန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၃၀ (က) နဲ့ အရေးယူခံနေရ ပါတယ်။

စည်ပင်ဧည့်ရိပ်သာ Quarantine Center က ကျန်းမာရေးတာဝန်ခံ ဒေါက်တာအုပ်စိုးလင်းက “၁၃ ရက်နေ့ ညနေပိုင်းက အမျိုးသားဆောင်မှာ နေထိုင်သူတစ်ဦးက သူရဲ့ အမျိုးသမီးဖြစ်တဲ့ အမျိုးသမီးအဆောင်မှာ နေထိုင်တဲ့ သူဆီကို လာရောက်ပြီး နေထိုင်တယ်ဆိုတဲ့ သတင်းကော်မတီရုံးက တိုင်ကြားတဲ့ သတင်းကို လက်ခံရရှိပါတယ်။ သွားရောက်စစ်ဆေးတော့လဲ မှန်ကန်တဲ့အတွက် အဆောင်စည်းမျဉ်းစည်းကမ်း ဥပဒေနဲ့ အရေးယူတိုင်ကြားထားရှိပြီး ဖြစ်ပါတယ်”လို့ ပြောပါတယ်။

ကျန်တဲ့ တစ်ဦးကတော့ Quarantine ဝင်နေစဉ် ကွမ်းနဲ့ ဆေးလိပ် အခြားအဆောင်များသို့ကူးသန်းပြီး သွားရောက်ရောင်းချတဲ့အတွက် အခုလို အရေးယူဖို့ တိုင်ကြားရတာလို့  ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဇဗ္ဗူသီရိ မြို့မရဲစခန်း အမှတ် (၁) ကို သွားရောက် မေးမြန်းရာမှာတော့ မှန်ကန်ကြောင်း အတည်ပြုပြောကြားခဲ့ပြီး သဘာဝဘေး အန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၃၀ (က)နဲ့ အမှုဖွင့်ထားကြောင်းကိုလဲ တာဝန်ရှိသူတစ်ဦးက အတည်ပြုဖြေကြားခဲ့ပါတယ်။

သဘာဝဘေး အန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၃၀ (က) ဟာဆိုရင် တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တာ ဖြစ်ပါတယ်။

နေပြည်တော် စည်ပင်ဧည့်ရိပ်သာ ၁ မှာ ဖွင့်လှစ်ထားတဲ့ Quarantine Center မှာဆိုရင် အမျိုးသား ၃၈၆ ဦးနဲ့ အမျိုးသမီး ၁၆၇ ဦးတို့ကို COVID 19 ပျံ့နှံ့မှုကို ကာကွယ်ဖို့အတွက် အသွားအလာ ကန့်သတ် စောင့်ကြည့်မှုတွေ ပြုလုပ်ပေးနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013