DVB Logo
Home
မြန်မာသတင်း
၂၀၂၀-၂၁ စစ်အာဏာရှင် ဆန့်ကျင်ရေးစတင်ရန် ကိုမင်းကိုနိုင် တိုက်တွန်း
DVB
·
February 2, 2021
၂၀၂၀-၂၁ စစ်အာဏာရှင် ဆန့်ကျင်ရေးစတင်ရန် ကိုမင်းကိုနိုင် တိုက်တွန်း
Donate to DVB

အာဏာသိမ်း စစ်အုပ်စုကို  အသိအမှတ်မပြု၊  ပူးပေါင်းဆောင်ရွက်မှုလုံးဝ မလုပ်ဘဲ  ၂၀၂၀-၂၁ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ် စတင်လုပ်ဆောင်ရန် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က တိုက်တွန်းလိုက်ပါတယ်။ 

“ဒီနေ့ဟာ အမှန်တရားကို အလံလုပ်ကိုင်ထားတဲ့သူတွေနဲ့ လက်နက်ကို အမှန်တရားလို့ အော်နေတဲ့လူတွေနဲ့ တွေ့ကြတာပဲ။ ကျနော်တို့ သဘောထားတွေ ပေးပြီးပြီ ဘယ်လိုတုံ့ပြန်မလဲဘဲ မေးစရာရှိတယ်။ သာမန်ပြည်သူတွေနဲ့ လှုပ်ရှားတက်ကြွသူတွေနဲ့တော့ ဒီဂရီ မတူဘူးဗျာ။ သာမန်ပြည်သူတွေက  လက်နက်ရှိတိုင်း ကိုယ့်ဘာသာ ကြေညာနေတဲ့ စစ်အုပ်စုကို အသိအမှတ်မပြုဘူးဆိုတာကိုတော့ အရင်ဆုံး လုပ်နိုင်ရမယ်။ No recognizion ပဲ။ နောက် ဒုတိယကတော့ ပူးပေါင်းဆောင်ရွက်မှုလုံးဝ မလုပ်ဘူး။ မနာခံဘူး။ အဲဒါ Non Participation ပဲ၊ အဲဒီကနေ စရမှာပဲ။ ဒါ သပိတ်ကနေ စရမယ့် သဘော။ အဲဒီတော့ လှုပ်ရှားတက်ကြွနိုင်တဲ့သူတွေအတွက်ကတော့ စတစ်ကာကမ်ပိန်းတွေ ရှိမယ်၊ ပိုစတာ ကမ်ပိန်းတွေရှိမယ်။ အွန်လိုင်းပေါ်ကနေ ကမ်ပိန်းတွေ ရှိမယ်။ ကမ္ဘာ့ language ပေါင်းစုံနဲ့ နိုင်ငံတကာ ဘာသာစကားတွေနဲ့ ကမ္ဘာကြီးကို ဆက်သွယ်ပြီးတော့ အိုင်တီ နည်းပညာတွေ သုံးရမယ်၊ ဒါကိုပဲ ၂၀၂၀-၂၁ စစ်အာဏာရှင် ဆန့်ကျင်ရေးလို့ ပြောနိုင်တယ်။

တိုင်းရင်းသားတွေအနေနဲ့လည်း ဖက်ဒရယ်ပြည်ထောင်စုအရေးအတွက် ပူးပေါင်းဆောင်ရွက်ကြဖို့နဲ့   စစ်အာဏာရှင်ပေးတဲ့ မုန့်ဖိုးလောက်နဲ့တော့ ကျွန်သက်မရှည်စေချင်ဘူးလို့ ကိုမင်းကိုနိုင်က ပြောပါတယ်။

 “ကျနော်တို့က အဓိကကတော့ တိုင်းရင်းသားတွေဆီ ပန်ကြားချင်တာ။ ကျနော်တို့ အချင်းချင်း ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်။ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ဖို့ဆိုရင် Senior တွေ Junior တွေ မရှိတဲ့ ဝါဒနဲ့ ပူးပေါင်း ကြဖို့ပဲ။ လတ်တလောမှာတော့ အဓိကက Mandate (လုပ်ပိုင်ခွင့်အာဏာ) နဲ့ Legitimacy (တရားဝင်မှု) ကို တန်ဖိုးထားပြီးတော့ အသုံးပြုနိုင်ရမယ်။ အဲဒါကြောင့် တိုင်းရင်းသားတွေအားလုံးကို ကျနော်ပန်ကြားချင်တယ်။ ဒီ ၂၀၂၀ ရွေးကောက်ပွဲက ပေးထားတဲ့ ဒီ Mandate  နဲ့ Legitimacy ကို အသုံးပြုပြီးတော့ ဖက်ဒရယ်ဒီမိုကရေစီကို တည်ထောင်ကြပါ။ အဲတော့ စစ်အာဏာရှင်ပေးတဲ့ မုန့်ဖိုးလောက်နဲ့တော့ ကျွန်သက်မရှည်စေချင်ဘူး။ မူလအခွင့်အရေးတွေနဲ့ လူဖြစ်ကြပါစေလို့  အားလုံးကိုဆန္ဒပြုပါတယ်။”

မြန်မာနိုင်ငံမှာ တနှစ်တာ ကာလအရေးပေါ်အခြေအနေ ကြေညာချက်နဲ့ နိုင်ငံအာဏာ သိမ်းကြောင်း စစ်တပ်က ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ကြေညာခဲ့ပြီး နိုင်ငံ တော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ အရပ်ဘက် နိုင်ငံရေး ခေါင်းဆောင်တွေကို ဆက်လက် ဖမ်းဆီးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013