DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် ဂျပန်ကုမ္ပဏီကြီးအချို့ လုပ်ငန်းများကို ရပ်ဆိုင်း
DVB
·
February 2, 2021
Donate to DVB

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် ဂျပန်ကုမ္ပဏီကြီးတွေဖြစ်တဲ့ Suzuki (Myanmar) Motor ကုမ္ပဏီနဲ့Toyo ink SC Holdings ကုမ္ပဏီတို့က စက်ရုံတွေလည်ပတ်မှုကို ရပ်ဆိုင်းလိုက်ပါတယ်။

Suzuki (Myanmar) Motor Co.,Ltd နဲ့ Suzuki Thilawa Motor Co.,Ltd တို့က ဂျပန် ယန်းငွေ  ၁၂ ဘီလီယံရင်းနှီးမြှုပ်နှံကာ လက်ရှိတောင်ဒဂုံစက်ရုံနဲ့ သီလဝါ စက်ရုံတို့မှာ Carry, Ciaz, Ertiga နဲ့ Swift ကားအမျိုးအစားတွေကို ထုတ်လုပ်တပ်ဆင်ပြီး ပြည်တွင်းမှာ ဖြန့်ဖြူးရောင်းချနေတာ ဖြစ်ပါတယ်။

Suzuki Motor Co., Ltd အနေနဲ့ ဂဟေဆော်၊ ဆေးသုတ်၊ အစိတ်အပိုင်း တပ်ဆင်တာအပါအဝင် စက်ရုံသစ်ကိုလည်း ၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ စတင်လည်ပတ်ဖို့ ရည်မှန်းထားပြီး နှစ်စဉ် ကားအစီးရေ ၄၀,၀၀၀ ခန့်ထုတ်လုပ်နိုင်ဖို့ စီစဉ်ထားတာလည်းဖြစ်ပါတယ်။

တခြားဂျပန်ကုမ္ပဏီကြီးတခုဖြစ်တဲ့ Toyo ink SC Holdings ကလည်း စက်ရုံ လည်ပတ်မှုကိုင်ဆိုင်းကာ Nippon Airways (ANA) လေကြောင်းလိုင်းကလည်း ဖေဖော်ဝါရီ ၃ ရက်နေ့ ရန်ကုန်မှ နာရီတာလေဆိပ်သို့ ပျံသန်းမှုကို ပယ်ဖျက်ဖို့လည်းဆုံးဖြတ်ကာ အခြေအနေစောင့်ကြည့် ထုတ်ပြန်ကြေညာမယ်လို့ ဆိုပါတယ်။

အလားတူ တိုယိုတာ ကလည်း အခုလအတွင်း ဖွင့်လှစ်မယ့်စက်ရုံအသစ်ကို စောင့်ကြည့်သွားမယ်ဆို ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ်နောက်ပိုင်း ဒီမိုကရေစီအပြောင်းအလဲတွေ တွေ့မြင်ဖြစ်ပေါ်လာ လို့ ဂျပန်အင်အားကြီးကုမ္ပဏီအုပ်စုကြီးတွေ အပါအဝင် လက်ရှိကုမ္ပဏီပေါင်း ၄၄၃ ခု က ဝင်ရောက်ရင်းနှီးမြှုပ်နှံဆောင်ရွက်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013