ဖေဖော်ဝါရီ ၂ ရက်နေ့ ဘဏ်များအားလုံး ပြန်ဖွင့်မည်
DVB
·
February 1, 2021

မနက်ဖန် ဖေဖော်ဝါရီ ၂ ရက်နေ့ ဘဏ်တွေအားလုံး ပြန်ဖွင့်ပြီး ဝန်ဆောင်မှုတွေ ပုံမှန် ပြန်လည်ပတ်မယ်လို့ မြန်မာနိုင်ငံဘဏ်များအသင်းက ထုတ်ပြန်ပါတယ်။
ဘဏ်များအသင်းဥက္ကဋ္ဌနဲ့ ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ရဲ့ ဒီညနေမှာလုပ်တဲ့ အရေးပေါ်အစည်းအဝေး ဆုံးဖြတ်ချက်အရ ခုလို ဆောင်ရွက်တာလို့ ဆိုပါတယ်။
ဒီကနေ့မနက်က နိုင်ငံတော်အာဏာကို တပ်မတော်က သိမ်းယူပြီးနောက် အင်တာနက်လိုင်းနဲ့ ဆက်သွယ်ရေးဖုန်းလိုင်း ပြတ်တောက်ခဲ့ပြီး ဘဏ်ဝန်ဆောင်မှုလုပ်ငန်းတွေလည်း အခက်အခဲကြုံ တွေ့ခဲ့ရတာပါ။
ရန်ကုန်မြို့က ပုဂ္ဂိလိက ဘဏ်ခွဲတွေရှေ့မှာ ရှိတဲ့ ATM ငွေထုတ်စက်တွေမှာ လူတွေ တန်းစီပြီး ငွေထုတ်ယူခဲ့ကြရပါတယ်။