DVB Logo
Home
မြန်မာသတင်း
မြိတ်မြို့တွင် ဆန်ဝယ်ယူသူများ၊ ဆန်ပြတ်လပ်မည်ကို မစိုးရိမ်ရန် ဆန်ကုန်သည်ပြော
DVB
·
February 1, 2021
မြိတ်မြို့တွင် ဆန်ဝယ်ယူသူများ၊ ဆန်ပြတ်လပ်မည်ကို မစိုးရိမ်ရန် ဆန်ကုန်သည်ပြော
Donate to DVB

တပ်မတော်က အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်း မြိတ်မြို့က နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ NLD က တာဝန်ရှိသူတွေကို ထိန်းသိမ်းလိုက်ပါတယ်။ 

အဲဒီလို ထိန်းသိမ်းခံရတဲ့အထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခရိုင် ဥက္ကဋ္ဌအပါအဝင် လွှတ်တော်ကိုယ်စားလှယ်တွေ၊ စီမံဘဏ္ဍာဝန်ကြီး၊ မြိတ်မြို့နယ်စည်ပင်ဥက္ကဋ္ဌ၊  မြိတ်မြို့နယ် ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက သူတွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူစုစုပေါင်း ၈ ဦး ထိန်းသိမ်းခံထားရတယ်လို့ သိရပါတယ်။ 

အဲဒီလို အရေးပေါ်အခြေအနေ ကြေညာပြီးနောက်မှာတော့ မြိတ်မြို့က ရွှေဆိုင်တွေအကုန်လုံးနီးပါး ပိတ်သိမ်းခဲ့ပြီး ပြည်သူတွေအနေနဲ့ စားသုံးကုန်တွေကို အများအပြား ဝယ်ယူသိုလှောင်မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ 

ဆိုင်စဖွင့်ပြီး ၃ နာရီအတွင်းမှာတင် ဆန်အိတ်ပေါင်း ၃၀၀၀ ကျော်ရောင်းချလိုက်ရပြီး လက်ရှိမှာတော့ ပြည်သူတွေအားလုံး ရရှိအောင်လို့ ဆန်အိတ်ငယ်တွေခွဲပြီး ရောင်းချပေးသွားမှာဖြစ်ကာ ဆန်တွေ အလုံအလောက်ရှိတဲ့အတွက် ပြည်သူတွေအနေနဲ့ ဆန်ပြတ်လပ်မှာကို စိတ်ပူဖို့ မလိုဘူးလို့ မြိတ်မြို့နယ် ဆန်ကုန်သည်တဦးက ပြောပါတယ်။ 

လက်ရှိမှာတော့ တပ်မတော်က ထိန်းသိမ်းသူတွေကို ဘယ်မှာထားရှိလဲဆိုတာကိုတော့ မသိရှိရသေးပဲ မြိတ်မြို့နယ် အဝင်အထွက်နေရာတွေအပြင် မြိတ်မြို့က ပုလဲရတနာခန်းမ နဲ့ ကမ်းနားလမ်းက Sea View Condo မှာလည်း တပ်မတော်သားတွေက လုံခြုံရေးယူထားတာရှိပါတယ်။ 

ပြီးခဲ့တဲ့ရက်ပိုင်းက ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စတင်ခေါ်ယူမယ့် လွှတ်တော်ကို ဂုဏ်ပြုကြိုဆိုကြောင်း ရေးသားစိုက်ထူထားတဲ့ ဗီနိုင်း ပိုစတာတွေနဲ့ အမျိုးသားဒီမိုကရေစီ အလံလွှင့်ထူထားတဲ့ နေအိမ်တွေလည်း ပြန်လည် ဖြုတ်သိမ်းထားတာကို တွေ့မြင်နေရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013