DVB Logo
Home
မြန်မာသတင်း
နေ့စား ဆောက်လုပ်ရေးလုပ်သားများအတွက် ဥပဒေများ ပြင်ဆင်ပြဋ္ဌာန်းပေးရန် တိုက်တွန်း
DVB
·
January 31, 2021
နေ့စား ဆောက်လုပ်ရေးလုပ်သားများအတွက် ဥပဒေများ ပြင်ဆင်ပြဋ္ဌာန်းပေးရန် တိုက်တွန်း
Donate to DVB

နေ့စား၊ ပျံကျဆောက်လုပ်ရေးလုပ်သားတွေဟာ အလုပ်သမားဥပဒေတွေနဲ့ အကျုံးမဝင်တဲ့အတွက် ဥပဒေတွေ ပြင်ဆင်ပြဋ္ဌာန်းပေးဖို့ လိုအပ်နေတဘ်လို့ NGOs အဖွဲ့အစည်းဖြစ်တဲ့ Labour Power Group ဥက္ကဋ္ဌ ဦးကျော်မျိုးထွေးက တိုက်တွန်းလိုက်ပါတယ်။

Formal Sector ဖြစ်တဲ့ အမြဲတမ်းဝန်ထမ်းတွေမှာ ပြဋ္ဌာန်းထားတဲ့ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေတွေနဲ့လည်း ဖြေရှင်းပေးလို့မရသလို အလုပ်သမားဦးစီးဌာနတွေကိုလည်း တိုင်ကြားမရဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် လုပ်သက်တစ်နှစ်နဲ့ အထက်ရှိမှ ထည့်ဝင်လို့ရမယ့် လူမှုဖူလုံရေးကြေး ခံစားခွင့်တွေလည်း မရရှိကြတာပါ။

လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ်တစုံတရာ ကျရောက်ခဲ့ပါက ဖြေရှင်းပေးဖို့ အာမခံမှုလည်း နည်းပါးတာကြောင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ ကျန်းမာရေးဆိုင်ရာ နည်းပဒေကို (အထူးသဖြင့် နေ့စား ဆောက်လုပ်ရေးသမားများအတွက်) အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်အောင် အလုပ်သမားအဖွဲ့အစည်းတွေက တင်ပြထားကြပါတယ်။

“နေ့စား ဆောက်လုပ်ရေးသမားတွေရဲ့ အကူညီတောင်းခံမှုတွေကို သိလျက်နဲ့ မလုပ်ပေးနိုင်လိုက်တာတွေ ရှိနေပြီး အစိုးရက သူတို့အတွက် ဥပဒေတွေအများကြီး ပြင်ဆင်ပြဋ္ဌာန်းဖို့ လိုအပ်နေတယ်” လို့ ဦးကျော်မျိုးထွေးက ပြောပါတယ်။

နေ့စား ငှားရမ်းမှုတွေမှာ ကုမ္ပဏီတိုက်ရိုက်မဟုတ်ဘဲ တစ်ဆင့်ခံ ကန်ထရိုက်တွေကနေ ခေါ်ယူခိုင်းစေတာဖြစ်ပြီး ကန်ထရိုက်တချို့က တရားဝင်မှတ်ပုံတင်ထားတာမျိုးမရှိဘဲ လုပ်အားခမပေးဘဲ ထွက်ပြေးသွားပါက ဥပဒေနဲ့ ဖြေရှင်းလို့မရနိုင်သလို တရားမကြောင်းအရလည်း ကုန်ကျစရိတ်များပြားတာကြောင့် တရားမစွဲဆိုနိုင်ဘဲ ပြီးဆုံးလိုက်ရတာမျိုးတွေ ရှိနေပါတယ်လို့ ဆိုပါတယ်။

ဆောက်လုပ်ရေးလုပ်သားတစ်ဦးက “နေ့စား အလုပ်သမားတစ်ယောက်အတွက်လည်း ဖူလုံ​ရေး အကျိုးခံစားခွင့်တွေ၊ အာမခံမှုတွေကို ဆောင်ရွက်ပေးစေချင်တယ်” လို့ ပြောပါတယ်။

ကိုဗစ်ကာလမှာ စက်ရုံ၊ အလုပ်ရုံတွေ မလည်ပတ်နိုင်လို့ဆိုပြီး လုပ်သားအင်အား အများအပြားကို အကြောင်းအမျိုးမျိုးနဲ့ လျှော့ချတာတွေကြောင့် အလုပ်သမားအများစုဟာ အလုပ်အလွယ်ရနိုင်တဲ့ ​ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ ပိုမိုဝင်ရောက်လုပ်ကိုင်နေကြတာပါ။

သတင်း - Ei Thazin Khine

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013