DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းစွာညှိနှိုင်း အဖြေရှာကြရန် သံဃမဟာနာယက ဆရာတော်ကြီးများ မေတ္တာရပ်ခံ
DVB
·
January 29, 2021
ငြိမ်းချမ်းစွာညှိနှိုင်း အဖြေရှာကြရန် သံဃမဟာနာယက ဆရာတော်ကြီးများ မေတ္တာရပ်ခံ
Donate to DVB

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ကိစ္စတွေကို တည်ဆဲဥပဒေနဲ့ အညီ ငြိမ်းချမ်းစွာ ညှိနှိုင်း အဖြေရှာ ဆောင်ရွက်ကြဖို့ နိုင်ငံတာ် သံဃမဟာနာယကအဖွဲ့က  မေတ္တာရပ်ခံလိုက်ပါတယ်။

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့  ဥက္ကဋ္ဌ ဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ အပါအဝင် ဆရာတော်ကြီး ၁၄ ပါးက ဒီကနေ့ ဇန်နဝါရီ ၂၉ ရက်နေ့စွဲနဲ့ မေတ္တာရပ်ခံချက် ထုတ်ပြန်လိုက်တာပါ။ 

အချိန်ကာလဟာ မြန်မာနိုင်ငံတဝန်း ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကို ပြည်သူအပေါင်း ရင်ဆိုင် ခံစားနေရကြရပြီး စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးစတာတွေမှာ အခက်အခဲတွေများစွာ ခံစားနေရတဲ့ အချိန်ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။  

ဒီလိုအခြေအနေမှာ ၂၀၂၀ရွေးကောက်ပွဲကို အကြောင်းပြုပြီး နိုင်ငံတော်မှာ ဒီကနေ့ ဖြစ်ပျက်နေတဲ့ သတင်းတွေအရ ရဟန်းရှင်လူ ပြည်သူတွေက စိုးရိမ်ကြောင့်ကြ နှလုံးစိတ်ဝမ်း မအေးချမ်းဘဲ ရှိနေကြောင်း ကြားသိရတယ်လို့လည်းဆိုပါတယ်။

ဒါကြောင့် အစိုးရ၊ တပ်မတော်၊ နိုင်ငံရေးပါတီတွေနဲ့ အများပြည်သူ ဒါယကာ၊ ဒါယိကာမတွေ အနေနဲ့ နိုင်ငံတော်တည်ငြိမ်အေးချမ်းသာယာဝပြောရေးကို ရှေးရှုပြီး လက်ရှိဖြစ်ပေါ်နေတဲ့ ကိစ္စအရပ်ရပ်ကို မိမိတို့ရဲ့ ဆန္ဒကို ငြင်းခုံမှုမပြုဘဲ တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းတွေနဲ့အညီ ငြိမ်းချမ်းစွာ ညှိနှိုင်းအဖြေရှာဆောင်ရွက်ကြဖို့ ဆရာတော်ကြီးတွေရဲ့  မေတ္တာရပ်ခံ ကြေညာချက်မှာ ဖော်ပြပါတယ်။

ခုရက်ပိုင်းအတွင်း ရွေးကောက်ပွဲရလဒ်နဲ့ ရွေးကောက်ပွဲကော်မရှင်ကို ကန့်ကွက် ဆန္ဒပြပွဲတွေ၊ တပ်မတော်ထောက်ခံပွဲတွေ ဆက်တိုက်ဖြစ်ပွားနေသလို    တပ်မတော် တာဝန်ရှိသူတွေကလည်း အာဏာမသိမ်းဘူးလို့ မပြောနိုင်ကြောင်းနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို မလိုက်နာရင် ဖျက်ပစ်ရမယ်လို့  ခြိမ်းခြောက်ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013