DVB Logo
Home
မြန်မာသတင်း
ကရင့်တော်လှန်ရေးနေ့ကို ဒေးပူနိုမှာသာ ကျင်းပရန် တပ်မတော်အကြောင်းကြား
DVB
·
January 25, 2021
ကရင့်တော်လှန်ရေးနေ့ကို ဒေးပူနိုမှာသာ ကျင်းပရန် တပ်မတော်အကြောင်းကြား
1 / 2
Donate to DVB

ဇန်နဝါရီ ၃၁ ရက်နေ့ ကျရောက်မယ့် ၇၂ နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ အခမ်းအနားကို ထီးလော်သီထကျေးရွာမှာ မကျင်းပဖို့နဲ့ ဖာပွန်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ဌာနချုပ် ဒေးပူနိုမှာသာ ကျင်းပဖို့  တပ်မတော်က အကြောင်းကြား ထားပါတယ်။

ကေအန်ယူ တပ်ဖွဲ့ဝင်တွေအနေနဲ့ တော်လှန်ရေးနေ့ အခမ်းအနားကို ဖာပွန်မြို့နယ်၊ ကွမ်းပင်ဝ ကျေးရွာအုပ်စု၊ ထီးလော်သီထကျေးရွာမှာ စစ်ရေးပြ အခမ်းအနားနဲ့ ပျော်ပွဲရွှင်ပွဲတွေ ပြုလုပ်ဖို့ စီစဉ်ထားပြီး ဇန်နဝါရီ ၁၈ ရက်နေ့မှ စတင်ကာ အကြိုအားကစားပြိုင်ပွဲတွေ၊ ကျင်းပနေရာမှာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်က ဇန်နဝါရီ  ၂၂ ရက်နေ့စွဲနဲ့ တပ်မဟာများ ဆက်ဆံရေး (ဘားအံ) ရုံးကို အကြောင်းကြားစာ ပေးပို့ထားတာဖြစ်ပါတယ်။

ဓာတ်ပုံ - မူတြော် သံလွင်

ကရင်အမျိုးသား အစည်းအရုံး အတွင်းရေးမှူး ၂ ပဒိုစောလှထွန်းကတော့  အခမ်းအနားပြုလုပ်ဖို့ ဒေသခံပြည်သူတွေတောင်းဆိုထားတဲ့အတိုင်း  မူလစီစဉ်ထားတဲ့ နေရာမှာသာ ကျင်းပသွားမယ်လို့ ပြောပါတယ်။

ပဒိုစောလှထွန်းက “ ဖတ်ကြည့်တော့ ကန့်ကွက်တဲ့ ပုံစံမျိုးတော့ မဟုတ်ဘူးပေါ့။ သူတို့က အရင် ဒေးပူနိုမှာပဲ လုပ်တော့ အရင်ဒီးပူနို နေရာမှာပဲ ပြန်လုပ်ဖို့ အဲဒီလိုပဲ ပြောလာတယ်။ ဒါပေမဲ့ ဒီမှာကတော့ ကိုယ့်နယ်မြေဒေသ ကိုယ့်ခရိုင်၊ တပ်မဟာတွေမှာ  ဒီလိုမျိုး ကျနော်တို့ လုပ်ခဲ့တာ နှစ်ပေါင်းများပြီးလေ။ လုပ်နေကြတယ် ဆိုတော့ ဒါကိုလုပ်တာပေါ့ ”လို့ ပြောပါတယ်။

ဒါ့အပြင် တော်လှန်ရေးနေ့ဟာ ကရင်အမျိုးသားတွေရဲ့ နေ့ထူးနေ့မြတ်ဖြစ်သလို ကေအန်ယူထိန်းချုပ်နယ်မြေမှာသာ လုပ်ဆောင်တာဖြစ်ကြောင်းလည်း‌ပြောပါတယ်။

“တဘက်မှာက ဒါကကျနော်တို့ ကရင့်အမျိုးသားတွေရဲ့ နေ့ထူးနေ့မြတ်ပဲလေ။ နောက်ပြီးတော့ အခုလုပ်တဲ့နေရာကလည်း ကျနော်တို့ ကေအန်ယူရဲ့ ထိန်းချုပ်မှု၊ အုပ်ချုပ်မှုနယ်မြေထဲမှာပဲလေ။ နောက် လူထုကလည်း ဒါကို လုပ်ဖို့လည်း တောင်းဆိုကြတယ်လေ။ တောင်းဆိုကြတော့ အခု သတ်မှတ်တဲ့နေရာပဲ လုပ်မှာပေါ့နော်။ ဒီလိုလုပ်တာကလည်း သူတို့ပြောနေတဲ့ တပ်မတော်ရော၊ အစိုးရတို့ရော သွားတိုက်ခိုက်ဖို့လည်း မဟုတ်ဘူးလေ။ သူတို့နေရာတွေကိုလည်း သွားလုပ်တာလည်း မဟုတ်ဘူးပေါ့နော် ကိုယ့်နေရာ ကိုယ့်ဒေသမှာ ဒီလိုမျိုးပွဲတွေက သက်ဆိုင်ရာ ခရိုင်တပ်မဟာ နယ်မြေဒေသအလိုက် ပုံမှန်လုပ်နေကျပွဲတွေပဲလေ”လို့ ဗဒိုစောလှထွန်းက ပြောပါတယ်။

တပ်မတော် ပေးပို့တဲ့ စာမှာတော့ “ယခုနှစ် အခမ်းအနားအား ဖာပွန်မြို့နယ်၊ ကွမ်းပင်ဝ ကျေးရွာအုပ်စု၊ ထီးလော်သီထကျေးရွာတွင် ကျင်းပပြုလုပ်ခြင်း မပြုဘဲ ယခင်နှစ်များနည်းတူ KNLA တပ်မဟာဌာနချုပ် ဒေးပူနိုတွင်သာ ကျင်းပပြုလုပ်နိုင်ရေး ဆက်လက်အကြောင်းကြားပေးနိုင်ပါရန် အကြောင်းကြားပါသည်”လို့ ရေးသားဖော်ပြထားပါတယ်။ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO) ကို ၁၉၄၉ ဇန်နဝါရီ ၃၁ ရက်မှာ ဖဆပလ အစိုးရက တရားမဝင်အဖွဲ့အစည်းအဖြစ် ကြေညာခဲ့ပြီးနောက် တိုက်ပွဲတွေစတင် ဖြစ်ပွားခဲ့တဲ့နေ့ကို ကရင်အမျိုးသားခုခံတော်လှန်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။

နော်နိုရင်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013