DVB Logo
Home
မြန်မာသတင်း
နှစ်ပေါင်း ၁၀၀၀ ကျော် သက်တမ်းရှိ ရတနာဗိမာန်ကြီးဘုရားကို ပြန်လည်ပြုပြင် (ဓာတ်ပုံ)
DVB
·
January 24, 2021
နှစ်ပေါင်း ၁၀၀၀ ကျော် သက်တမ်းရှိ ရတနာဗိမာန်ကြီးဘုရားကို ပြန်လည်ပြုပြင် (ဓာတ်ပုံ)
1 / 11
Donate to DVB

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့က ကမ္ဘာ့အမွေအနှစ်စာရင်းဝင် နှစ်ပေါင်း ၁၀၀၀ ကျော် သက်တမ်းရှိ ရတနာဗိမာန်ကြီး ဘုရားကို အစိုးရရဲ့ ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း ၃၅၀ အသုံးပြုပြီး ကျွမ်းကျင်ပညာရှင်တွေက ပြန်ပြုပြင်ပေးနေတယ်လို့ ကမ္ဘာ့အမွေအနှစ်ဒေသများဌာနခွဲ ဗိဿနိုးဌာနစုတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးခင်ဇော်က ပြောပါတယ်။

အခု ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာနှစ်မှာလည်း ဘုရားကြီးကို ဆက်လက်ပြုပြင်နိုင်အောင် ကျပ်သိန်း ၇၀၀ ခွင့်ပြုပေးဖို့ ရှေးဟောင်သုတေသနဦးစီးဌာနရုံးချုပ်ကို တောင်းခံထားပြီး လွှတ်တော်ကိုလည်း တင်ပြထားတယ်လို့ ဆိုပါတယ်။

အဲဒီရှေးဟောင်းဘုရားရဲ့ အာရုံခံ မုခ်ဦးကို စတင်ပြုပြင်ပေးခဲ့ပြီးတော့ ဘုရားရဲ့ တိုက်မကြီးအတွင်းက ဆင်တုတော် ၄ ဆူကိုလည်း ပြန်လည်တူးဖော်ကာ အခုနှစ်ထဲမှာ အပြီးပြုပြင်သွားမယ်လို့ ဆိုပါတယ်။

တောင်တွင်းကြီးမြို့က ရတနာဗိမာန်ကြီးဘုရားကို AD ၈၅၃ ခုနှစ်က တည်ထားကိုးကွယ်ခဲ့တာလို့ သိရပါတယ်။

မင်းထီး

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013