DVB Logo
Home
မြန်မာသတင်း
ကျောက်ဆည်မြို့မရဲစခန်းတွင် အချုပ်တရားခံ ၁၄ ဦးနှင့် ရဲဝန်ထမ်း ၁ ဦး ကိုဗစ်ပိုးတွေ့
DVB
·
January 23, 2021
ကျောက်ဆည်မြို့မရဲစခန်းတွင် အချုပ်တရားခံ ၁၄ ဦးနှင့် ရဲဝန်ထမ်း ၁ ဦး ကိုဗစ်ပိုးတွေ့
Donate to DVB

မန္တလေးတိုင်း၊ ကျောက်ဆည် မြို့မရဲစခန်း၊ အချုပ်ခန်းက တရားခံတချို့ကို ဇန်နဝါရီ ၂၃ ရက်နေ့  မနက်ပိုင်းက ကိုဗစ်-၁၉ ကူးစက်ခံရမှု ရှိမရှိ စစ်ဆေးခဲ့ပြီး အချုပ်တရားခံ ၁၄ ဦးနဲ့ ရဲတပ်ဖွဲ့ဝင် ၁ ဦးမှာ ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ ကျောက်ဆည်မြို့မ ရဲစခန်းကနေ သိရပါတယ်။


ကျောက်ဆည်မြို့မရဲစခန်းမှာရှိတဲ့ အချုပ်တရားခံ ၄၀ ကျော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဗိုင်းရပ်စ် ကူးစက်ခံထားရမှုရှိမရှိ စစ်ဆေးခဲ့တာပါ။


ကျောက်ဆည်မြို့မရဲစခန်းက တာဝန်ရှိသူတစ်ဦးက "လောလောဆယ်တော့ ၁၅ ဦး တွေ့ပါတယ်၊ ဘယ်သူ့ဆီက ကူးမှန်းတော့ မသိသေးဘူး" လို့ ပြောပါတယ်။


ပြီးခဲ့တဲ့ ရက်ပိုင်းက ကျောက်ဆည်မြို့မရဲစခန်းမှာ ချုပ်နှောင်ထားတဲ့ အချုပ်ကျ တရားခံ ၁၁ ဦးကို RDT test နဲ့ စစ်ဆေးခဲ့ပြီး negative အဖြေထွက်တာကြောင့် ဇန်နဝါရီလ ၂၀ ရက်နေ့မှာ  အိုးဘိုထောင်ကို ပို့ဆောင်ပြီး ထပ်မံစစ်ဆေးတဲ့အခါ နှစ်ဦးမှာ positive အဖြေထွက်ရှိခဲ့တာဖြစ်ပါတယ်။


အဲ့ဒီအတွက် ကျောက်ဆည်မြို့မရဲစခန်း အချုပ်ခန်းအတွင်းမှာ ကျန်ရှိတဲ့ အချုပ်သား ၄၀ ကျော်ကို ဒီနေ့မနက် ဆေးစစ်ခဲ့ပြီး ၁၄ ဦးမှာ ပိုးတွေ့ခဲ့တာပါ။


ပိုးတွေ့သူ ၁၄ ဦးကို မင်းစုရဲကင်းစခန်းက ပေါ့စတစ်လူနာထားရှိရာ အချုပ်ခန်းကို ပို့ဆောင်ထားပြီး ကျန်သူတွေကိုတော့ ကျောက်ဆည်မြို့က သီးခြား အချုပ်ခန်းမှာ ထားရှိတယ်လို့ သိရပါတယ်။


အိုးဘိုထောင်ကို အကျဉ်းသားတွေ လိုက်လံပို့ဆောင်ပေးခဲ့တဲ့ လုံခြုံရေး တာဝန်ကျ ရဲတပ်ဖွဲ့ဝင် ၅ ဦးကိုလည်း ဇန်နဝါရီ ၂၃ ရက်နေ့က စစ်ဆေးခဲ့တာဖြစ်ပြီး ၁ ဦးမှာ ပိုးတွေ့ခဲ့တာဖြစ်ပါတယ်။ အဲဒီရဲတပ်ဖွဲ့ဝင်ရဲ့ မိသားစုဝင်နှစ်ဦးကိုလည်း ကျောက်ဆည်မြို့က ကွာရန်တင်းစင်တာကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။


ထိန်ထိန်လင်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013