DVB Logo
Home
မြန်မာသတင်း
ကိုဗစ်ဆေးဝယ်ယူရန် အလှူငွေကျပ်သန်း ၈၀၀၀ ခန့်နှင့် ကန်ဒေါ်လာ ၇ သောင်းကျော် ထပ်ရ
DVB
·
January 23, 2021
ကိုဗစ်ဆေးဝယ်ယူရန် အလှူငွေကျပ်သန်း ၈၀၀၀ ခန့်နှင့် ကန်ဒေါ်လာ ၇ သောင်းကျော် ထပ်ရ
Donate to DVB

ကိုဗစ်ကာကွယ်ဆေးဝယ်ယူဖို့ အလှူငွေ ကျပ်သန်း ၈၀၀၀ လောက်နဲ့ အမေရိကန်ဒေါ်လာ ၇ သောင်းကျော် ထပ်ရတယ်လို့ အစိုးရက ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၁၄ ရက်ကနေ ၂၀ ရက်အထိ တပတ်အတွင်းမှာ ပြည်တွင်း ပြည်ပအလှူရှင်တွေက မြန်မာငွေ ကျပ်သန်း ၇၆၅၄ ဒသမ ၄၈၃ သန်းနဲ့ အမေရိကန်ဒေါ်လာ ၇၁၅၂၈ ထပ်ပြီး လှူဒါန်းတာလို့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီးဌာနက ထုတ်ပြန်လိုက်တာပါ။

ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေ စီမံခန့်ခွဲမှု ဆပ်ကော်မတီကို ဒီဇင်ဘာ ၃၀ ရက်က ဖွဲ့စည်းလိုက်တာဖြစ်ပြီး နိုင်ငံတော်က မတည်ရန်ပုံငွေ အမေရိကန် ဒေါ်လာ သန်း ၂၅၀ နဲ့  ကျပ်သန်း ၁၀၀၀  စတင်ထည့်ဝင် ထူထောင်ထားတာဖြစ်ပါတယ်။

မြန်မာ့စီးပွားရေးဘဏ် (နေပြည်တော်) မှာ ဖွင့်လှစ်ထားတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေ မြန်မာကျပ် ငွေစာရင်း OA 013733 ဆီကို ဇန်နဝါရီ ၆ ရက်ကနေ ၁၂ ရက်အထိ ပြည်တွင်း၊ ပြည်ပအလှူရှင်  ၇၂၈  ယောက်က ကျပ်သန်းပေါင်း ၁၀၁၂၆ ဒသမ ၈၅၄၊ နိုင်ငံခြားငွေစာရင်း EDC 600012 ကို အမေရိကန်ဒေါ်လာ ၂ ဒသမ ၆၇၃ သန်း လှူဒါန်းထားတယ်လို့ ထုတ်ပြန်ထားခဲ့ပါတယ်။

ဒါကြောင့် ဇန်နဝါရီ ၂၀ ရက်အထိ လက်ခံရရှိငွေ ကျပ်သန်းပေါင်း ၁၇၇၈၁ ဒသမ ၃၃၇ သန်း၊ အမေရိကန်ဒေါ်လာ ၂ ဒသမ ၇၄၅ သန်း ရထားပြီ ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013