
အက်စတွန်ဗီလာ တိုက်စစ်မှူး အိုလီဝက်ကင်စ်ဟာ ဘရိုက်တန်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပါဝင်မကစားခဲ့တာကြောင့် အသင်းဖော်တွေကို ပြန်လာပြီးတောင်းပန်ခဲ့ပါတယ်။
နည်းပြအူနိုင်း အမ်မရီကတော့ ဝက်ကင်စ်ဟာ အသင်းရဲ့ ရာသီအဖွင့်ပွဲစဉ်မှာ ကစားဖို့ ဝန်လေးနေခဲ့တယ်လို အရိပ်အမြွက် ပြောကြားခဲ့တာပါ။
ဒီဖြစ်ရပ်တွေကြောင့် အိုလီဝက်ကင်စ်ရဲ့ ဆော်ဒီအာရေဗျလိဂ်ကို ပြောင်းရွှေ့ဖို့က ပိုနီးစပ်လာတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။သူ့ရဲ့ အနာဂတ်ကတော့ မရေမရာ ဖြစ်နေတာပါ။
ဝက်ကင်စ်ရဲ့ တောင်းပန်မှုဟာ အသင်းအတွင်းစည်းလုံးမှုကို ပြန်လည်တည်ဆောက်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။
ဒါ့အပြင် အက်စတွန်ဗီလာအသင်းဟာ အေစီမီလန်က ပေါ်တူဂီ တိုက်စစ်ကစားသမား ရာဖေးလ်လီယိုကို ခေါ်ယူဖို့အတွက် ဆွေးနွေးမှုတွေ စတင်နေပြီ ဖြစ်ပါတယ်။
ဗီလာက အသင်းရဲ့ တိုက်စစ်ပိုင်းကို အားဖြည့်ဖို့ ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။











