DVB Logo
Home
မြန်မာသတင်း
ကိုဗစ်ဆေးရန်ပုံငွေ ထည့်ဝင်လှူဒါန်းကြရန် ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် နှိုးဆော်
DVB
·
January 19, 2021
ကိုဗစ်ဆေးရန်ပုံငွေ ထည့်ဝင်လှူဒါန်းကြရန် ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် နှိုးဆော်
Donate to DVB

အစိုးရရဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးဝယ်ယူရရှိရေးရန်ပုံငွေမှာ ထည့်ဝင်လှူဒါန်းကြဖို့ မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ်(စီဘီစီအမ်) က တိုက် တွန်းနှိုးဆော်လိုက်ပါတယ်။

ဘာသာဝင်တွေဆီ ဇန်နဝါရီ ၁၇ ရက် ရက်စွဲနဲ့ နှစ်ဦးနှစ်သိမ့်အားပေးမှုနဲ့ တိုက်တွန်းနှိုးဆော်စာထဲမှာတော့ ကိုဗစ်-၁၉ ကာကွယ်ဆေး တွေ့ရှိတာဟာ ကပ်ရောဂါဘေးက လွတ်မြောက်နိုင်ဖို့ မျှော်လင့်ချက်ရောင်ခြည်ဖြစ်ပြီး အဖွဲ့ချုပ်အနေနဲ့ နိုင်ငံတော်ရဲ့ ကာကွယ်ဆေးဝယ်ယူ ထိုးနှံရေးအစီအစဉ်မှာ စုပေါင်းလှူဒါန်းသွားမယ်လို့ ဖော်ပြထားပါတယ်။

ဒါကြောင့်မို့ ကက်သလစ်ဘာသာဝင်တွေအနေနဲ့ ကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ်ရဲ့ ဘဏ္ဍာထိန်း Fr. Louis ရဲမြင့်၊ ဖုန်း-၀၉ ၄၅ ၉၀ ၉၀ ၂၄၃၊ ဘဏ်အကောင့်နံပါတ် 000944184504949 ဆီ ဆက်သွယ်လှူဒါန်းနိုင်သလို သက်ဆိုင်ရာ သာသနာအသီးသီးက ကက်သလစ် ဆရာတော်ကြီးတွေကတဆင့်လည်း တတ်စွမ်းသမျှ စုပေါင်းလှူဒါန်းနိုင်ကြောင်း နှိုးဆော်ထားပါတယ်။

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီက ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ ဝယ်ယူနိုင်ဖို့အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေ စီမံခန့်ခွဲမှု ဆပ်ကော်မတီကို ဒီဇင်ဘာ ၃၀ ရက်က ဖွဲ့စည်းထားခဲ့ပြီး ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေအဖြစ်   နိုင်ငံတော်က မတည်ရန်ပုံငွေ အမေရိကန် ဒေါ်လာ သန်း ၂၅၀ နဲ့  ကျပ်သန်း ၁၀၀၀  စတင် ထည့်ဝင်ထူထောင်ခဲ့တာပါ။

အဆိုပါ ဆပ်ကော်မတီကနေ ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေ (COVID-19 Vaccination Fund) ကို မြန်မာ့စီးပွားရေးဘဏ် နေပြည်တော်မှာ ဘဏ်အကောင့် ၂ ခု ဖွင့်လှစ်ထားတာပါ။

ရန်ပုံငွေအတွက် နိုင်ငံခြားငွေစာရင်းအမှတ် EDC 600012 မှာ နိုင်ငံတော်က မတည်ရန်ပုံငွေ အဖြစ် ကျပ် ၃၃၈ ဘီလီယံလောက်နဲ့ ညီမျှတဲ့ အမေရိကန်ဒေါ်လာ သန်း ၂၅၀ စတင် ထည့်သွင်း ပေးထားမှာဖြစ်သလို မြန်မာငွေစာရင်းအမှတ် OA 013733 မှာလည်း နိုင်ငံတော်က မြန်မာကျပ်ငွေ သန်း ၁၀၀၀ ကို စတင်ထည့်သွင်းထားပါတယ်။

ကာကွယ်ဆေးဝယ်ယူဖို့အတွက် ပြည်တွင်း ပြည်ပကနေ ပါဝင်လှူဒါန်းလိုကြတဲ့ ပြည်သူတွေ အနေနဲ့ အထက်ပါဘဏ်စာရင်းတွေမှာ ထည့်ဝင်လှူဒါန်းနိုင်တယ်လို့လည်း အသိပေးကြေညာ ထားပြီး ရက်ပိုင်းအတွင်းမှာပဲ ပြည်တွင်း ထိပ်သီးလုပ်ငန်းရှင်တချို့က ပါဝင်လှူဒါန်းမှုတွေ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။

ဧရာဝတီဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးဇော်ဇော်က ကာကွယ်ဆေး ရန်ပုံငွေအတွက် ငွေကျပ် ၂ ဘီလီယံ၊ ဧဒင်လုပ်ငန်းစု ဥက္ကဋ္ဌ ဦးချစ်ခိုင်ကအမေရိကန်ဒေါ်လာ ၁ သန်းခွဲ၊ Capital Diamond Star Group လုပ်ငန်းက  အမေရိကန်ဒေါ်လာ ၁ သန်းလှူဒါန်းထားပါတယ်။

အဲဒီနောက် တပ်မတော်ကလည်း ဇန်နဝါရီ ၇ ရက်နေ့မှာ ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေး ဝယ်ယူရရှိရေးရန်ပုံငွေ ကျပ်သန်း ၁၀၀၀ ထည့်ဝင်လှူဒါန်းထားပါတယ်။

သိပ်မကြာခင် ရက်ပိုင်းကလည်း ကမ္ဘောဇဘဏ်က ကျပ်သန်း ၃၀၀၀ ထည့်ဝင်လှူဒါန်းထားခဲ့တာကို တွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013