DVB Logo
Home
မြန်မာသတင်း
လစာကျန်ငွေမပေးဘဲ ထွက်ပြေးသည့် နိုင်ငံခြားသားက စက်ရုံပိုင်ရှင်မဟုတ်ဟု ပြော
DVB
·
January 18, 2021
လစာကျန်ငွေမပေးဘဲ ထွက်ပြေးသည့် နိုင်ငံခြားသားက စက်ရုံပိုင်ရှင်မဟုတ်ဟု ပြော
Donate to DVB

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ Euro Gate(ယူရိုဂိတ်) အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၇၀၀ ကျော်ရဲ့ လစာကျန်ငွေတွေကို မပေးဘဲ ထွက်ပြေးသွားတဲ့ ဂျာမနီနိုင်ငံသားက စက်ရုံပိုင်ရှင် မဟုတ်ဘဲ မြန်မာနိုင်ငံသား ဦးမျိုးဝင်းက ပိုင်ရှင်ဖြစ်နေတယ်လို့ Labour Power Group ရဲ့ ဥက္ကဋ္ဌ ဦးကျော်မျိုးထွေးက ပြောပါတယ်။

အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်မှာ စက်ရုံပိုင်ရှင်က ထွက်ပြေးတိမ်းရှောင်နေတဲ့ ဂျာမနီနိုင်ငံသားမဟုတ်ဘဲ မြန်မာနိုင်ငံသားဦးမျိုးဝင်း ဖြစ်နေတဲ့အတွက်ကြောင့် ဒီအမှုရဲ့တရားလို ဖြစ်တဲ့ အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနကို တရားခံနေရာမှာ ပိုင်ရှင်ပြန်ပြောင်းဖို့ တင်ပြထားတယ်လို့ ဆိုပါတယ်။

စာချုပ်ရဲ့ပိုင်ရှင်နေရာမှာ သူ့နာမည်ထည့်ပြီး ချုပ်ဆိုထားတာမသိဘဲ HR ဘက်က အလွဲသုံးစားလုပ်တာလို့ မြန်မာနိုင်ငံသားဦးမျိုးဝင်းက ငြင်းဆိုထားသော်လည်း အလုပ်ခန့်ထားမှု ဆိုင်ရာသဘောတူစာချုပ်ဆိုတာဟာ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနရဲ့ ရှေ့မှောက်မှာ ချုပ်ဆိုရတာလို့ ဒီအမှုကိုလိုက်ပါကူညီပေးနေတဲ့ ဦးကျော်မျိုးထွေးက ပြောပါတယ်။

အလုပ်သမားတွေကို ၂၀၂၀ ပြည့်နှစ် မတ်နဲ့ဧပြီ လစာကျန်ငွေတွေကို ပေးချေခြင်းမရှိဘဲ ထွက်ပြေးတိမ်းရှောင်သွားတာဖြစ်ပြီး ဒီနှစ်လစာအတွက် ပေးရမယ့်ပျမ်းမျှတန်ဖိုးက ကျပ်သိန်း ၁၀၀၀ နီးပါးရှိကာ အဲ့ဒီထဲက အလုပ်ရပ်စဲနစ်နာကြေးတွေ မပါသေးဘူးလို့ သိရပါတယ်။

အလုပ်ရှင်ဘက်က အလုပ်သမားတွေဆီက နုတ်ယူထားတဲ့ လူမှုဖူလုံရေးကြေးတွေကိုလည်း အရင်ကာလတွေကတည်းက ထည့်ဝင်မပေးထားတဲ့အတွက် ဒီကြားကာလမှာ ဖူလုံရေးကြေးရဲ့ ၄၀ ရာခိုင်နှုန်း မရတဲ့အပြင် ဆေးကုသခွင့်လည်း မခံစားရတာကြောင့် အလုပ်သမားတွေဟာ နစ်နာမှုတွေအများကြီးရှိနေတယ်လို့ ဆိုပါတယ်။

        လက်ရှိမှာတော့ မြို့နယ်ညှိနှိုင်းဖြန်ဖြေရေးနဲ့ အလုပ်ရပ်စဲနစ်နာကြေးအပိုင်းကိုသာ  ဆက်လက်လုပ်​ဆောင်နေပြီး တရားရင်ဆိုင်တဲ့လုပ်ငန်းစဥ်ကတော့ လုံးဝရပ်တန့်ထားကာ အချိန်ကာလ ကြာမြင့်နေပြီဖြစ်ပါတယ်။ 

ဂျာမနီနိုင်ငံသားကို ဇွန်လဆန်းက စတင်တရားစွဲဆိုခဲ့ပြီး ပထမရုံးချိန်း ဆင့်ခေါ်တဲ့အထိ မြန်မာနိုင်ငံမှာ ရှိနေသေးတယ်လို့ သိရပြီး တရားခံတစ်ယောက်ဟာ ပြည်ပထွက်ခွာခွင့် ဘယ်လိုရသွားလဲဆိုတာကို မြန်မာနိုင်ငံရဲ့ တရားဥပဒေ စိုးမိုးရေးအပေါ် မေးခွန်းထုတ်စရာဖြစ်တယ်လို့ Labour Power Group ရဲ့ ဥက္ကဋ္ဌ ဦးကျော်မျိုးထွေးက ပြောပါတယ်။

သတင်း - အိသဇင်ခိုင် ၊ဓာတ်ပုံ - ဦးကျော်မျိုးထွေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013