DVB Logo
Home
မြန်မာသတင်း
ကိုဗစ်ဆေးရန်ပုံငွေအတွက် အစ္စလာမ်ဘာသာဝင်များ အလှူငွေကျပ်သိန်း ၁၁,၀၀၀ ကျော် ရထား
DVB
·
January 18, 2021
ကိုဗစ်ဆေးရန်ပုံငွေအတွက် အစ္စလာမ်ဘာသာဝင်များ အလှူငွေကျပ်သိန်း ၁၁,၀၀၀ ကျော် ရထား
Donate to DVB

အစိုးရရဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးဝယ်ယူရရှိရေးရန်ပုံငွေမှာ ထည့်ဝင်လှူ ဒါန်းနိုင်ဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးကလည်း အလှူငွေတွေ ကောက်ခံပေးနေပါ တယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက မတည်လှူဒါန်းငွေကျပ်သိန်း ၅၀၀ နဲ့ စတင်ခဲ့ပြီး အစ္စလာမ်ဘာသာဝင်တွေအနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရန်ဖို့အတွက် မိမိတို့တတ်စွမ်းနိုင်သလောက် ထည့်ဝင်လှူဒါန်းပြီး ကုသိုလ်ရယူကြဖို့ ပန်ကြားထားတာပါ။

လက်ရှိမှာတော့ အလှူရှင်ပေါင်း ၃၂၁ ဦးရဲ့ ထည့်ဝင်ငွေစုစုပေါင်းငွေကျပ် ၁၁,၃၀၅ သိန်း ၈ သောင်းတိတိ ရရှိထားပြီဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီက ကိုဗစ်-၁၉ ကာကွယ်ဆေးတွေဝယ်ယူနိုင်ဖို့အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိ ရေး ရန်ပုံငွေ စီမံခန့်ခွဲမှု ဆပ်ကော်မတီကို ဒီဇင်ဘာ ၃၀ ရက်က ဖွဲ့စည်းထားခဲ့ပြီး ကာ ကွယ် ဆေးဝယ်ယူရရှိရေး ရန်ပုံငွေအဖြစ်   နိုင်ငံတော်က မတည်ရန်ပုံငွေ အမေရိကန် ဒေါ်လာ သန်း ၂၅၀ နဲ့  ကျပ်သန်း ၁၀၀၀  စတင် ထည့်ဝင်ထူထောင်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ဆပ်ကော်မတီကနေ ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေ (COVID-19 Vaccination Fund) ကို မြန်မာ့စီးပွားရေးဘဏ် နေပြည်တော်မှာ ဘဏ်အကောင့် ၂ ခု ဖွင့်လှစ်ထားတာပါ။

ရန်ပုံငွေအတွက် နိုင်ငံခြားငွေစာရင်းအမှတ် EDC 600012 မှာ နိုင်ငံတော်က မတည်ရန်ပုံငွေ အဖြစ် ကျပ် ၃၃၈ ဘီလီယံလောက်နဲ့ ညီမျှတဲ့ အမေရိကန်ဒေါ်လာ သန်း ၂၅၀ စတင် ထည့်သွင်း ပေးထားမှာဖြစ်သလို မြန်မာငွေစာရင်းအမှတ် OA 013733 မှာလည်း နိုင်ငံတော်က မြန်မာကျပ်ငွေ သန်း ၁၀၀၀ ကို စတင်ထည့်သွင်းထားပါတယ်။

ကာကွယ်ဆေးဝယ်ယူဖို့အတွက် ပြည်တွင်းပြည်ပကနေ ပါဝင်လှူဒါန်းလိုကြတဲ့ ပြည်သူတွေ အနေနဲ့ အထက်ပါ ဘဏ်စာရင်းတွေမှာ ထည့်ဝင်လှူဒါန်းနိုင်တယ်လို့လည်း အသိပေးကြေညာ ထားပြီး ရက်ပိုင်းအတွင်းမှာပဲ ပြည်တွင်း ထိပ်သီးလုပ်ငန်းရှင်တချို့က ပါဝင်လှူဒါန်းမှုတွေ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။

ဧရာဝတီဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးဇော်ဇော်က ကာကွယ်ဆေး ရန်ပုံငွေအတွက် ငွေကျပ် ၂ ဘီလီယံ၊ ဧဒင်လုပ်ငန်းစု ဥက္ကဋ္ဌ ဦးချစ်ခိုင်ကအမေရိကန်ဒေါ်လာ ၁ သန်းခွဲ၊ Capital Diamond Star Group လုပ်ငန်းက  အမေရိကန်ဒေါ်လာ ၁ သန်းလှူဒါန်းထားပါတယ်။

အဲဒီနောက် တပ်မတော်ကလည်း ဇန်နဝါရီ ၇ ရက်နေ့မှာ ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေး ဝယ်ယူရရှိရေးရန်ပုံငွေ ကျပ်သန်း ၁၀၀၀ ထည့်ဝင်လှူဒါန်းထားပါတယ်။

သိပ်မကြာခင် ရက်ပိုင်းကလည်း ကမ္ဘောဇဘဏ်က ကျပ်သန်း ၃၀၀၀ ထည့်ဝင်လှူဒါန်း ထားခဲ့တာကို တွေ့ရပါတယ်။

လတ်တလောမှာတော့ မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလာမ်ဘာသာရေးအဖွဲ့ကြီးရဲ့ ဦးဆောင်လှူ ဒါန်းမှုမှာ ဆက်လက်ပါဝင်လှူဒါန်းလိုသူတွေအနေနဲ့ အောက်ဖော်ပြပါ လူပုဂ္ဂိုလ်တွေနဲ့ ဘဏ်ငွေစာ ရင်းအကောင့်တွေကတဆင့် ဆက်သွယ်လှူဒါန်းနိုင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၊ ကိုဗစ် - ၁၉ ကာကွယ်ရေးလုပ်ငန်းစဉ်များ ကူညီပံ့ပိုးရေးကော်မတီ

၁။  ဟာဂျီ ဦးကျော်နိုင်ဦး - ဥက္ကဋ္ဌ (Naing Holding Group) 09-777777797

၂။  ဟာဂျီ ဦးတင်မောင်ဆွေ - ဒုဥက္ကဋ္ဌ (၁) (Lion King Group Ltd.) 09-971219999

၃။  ဟာဂျီ ဦးကျော်ကျော်ဦး(KY) - ဒုဥက္ကဋ္ဌ (၂) (Steel King Co.,Ltd.) 09-5009494

၄။  ဟာဂျီ ဦးတင်ဦး - အတွင်းရေးမှူး (IEM Co.,Ltd.) 09-5008923

၅။  ဟာဂျီ ဦးစိုးမြင့်(မန္တလာ) - တွဲဖက်အတွင်းရေးမှူး(၁) 09-2004777 

၆။  ဟာဂျီ ဦးဇော်ဝင်းနိုင် (တွဲဖက်အတွင်းရေးမှူး ၂)  (UTG Co.,Ltd.) 09-975064722

၇။  ဟာဂျီ ဦးကျော်မြင့် - ဘဏ္ဍာရေးမှူး (Five Star Co.,Ltd.) 09-5164472

၈။  ဟာဂျီ ဦးမြင့်စိုး - တွဲဖက်ဘဏ္ဍာရေးမှူး (Royal Co.,Ltd.) 09-5181233

၉။  ဟာဂျီ ဦးမြင့်သိန်း - စာရင်းစစ် (Myint Family Co.,Ltd.) 09-5145604

၁၀။ ဟာဂျီ ဦးတင်ဝင်း - တွဲဖက်စာရင်းစစ် (Yangon Makkah Co.,Ltd.) 09-5066660

၁၁။ ဟာဂျီ ဦးကိုကိုလတ် - ပြန်ကြားရေးမှူး (K.K Myanmar Business Group) 09-5173028

၁၂။ ဟာဂျီ ဦးလှမြင့် - တွဲဖက်ပြန်ကြားရေးမှူး 09-5071119  

၁၃။ ဟာဂျီ ဦးကျော်ငြိမ်း - ကော်မတီဝင် (အိုလမာအဖွဲ့ချုပ်)  09-5108521 

၁၄။ ဟာဂျီ ဦးတင်မောင်သန်း - ကော်မတီဝင် (အစ္စလာမ်ကောင်စီဌာနချုပ်) 09-5660911

၁၅။ အလ်ဟာဂျ် မောင်လာနာ ဦးလှဝင်း - ကော်မတီဝင် (မော်လဝီအဖွဲ့ချုပ်) 09-786716786 

၁၆။ ဟာဂျီ ဦးမြင့်ထွန်း - ကော်မတီဝင် (မ-မ-လ ဌာနချုပ်) 09-5128649  

၁၇။ ဟာဂျီ ဦးကျော်ခင် - ကော်မတီဝင် (မ-အ-ဖ ဌာနချုပ်) 09-5162603

A/C Name -

U Tin Oo, U Kyaw Naing Oo, U Kyaw Myint

AYA Bank(165th Street) -

Current - 0156-1020-1000-3416

CB Bank -

Current - 0117-1001-0000-3689

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013