DVB Logo
Home
မြန်မာသတင်း
ကိုဗစ်ကာကွယ်ဆေးဝယ်ယူရန် We Love Bago အဖွဲ့က ကျပ်သိန်း ၁၀၀၀ လှူဒါန်း
DVB
·
January 16, 2021
ကိုဗစ်ကာကွယ်ဆေးဝယ်ယူရန် We Love Bago အဖွဲ့က ကျပ်သိန်း ၁၀၀၀ လှူဒါန်း
Donate to DVB

ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူဖို့ ပဲခူးမြို့ We Love Bago အဖွဲ့ကနေ ကျပ်သိန်း ၁၀၀၀ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

We Love Bago ဦးဆောင်မတည်ကာ ပဲခူးမြို့က အလှူရှင်တွေကို ဖိတ်ခေါ်ပြီး ၃ ရက်အတွင်း အလှူခံငွေ သိန်း ၁၀၀၀ ကျော်ရရှိတဲ့အတွက် နိုင်ငံတော် ဘဏ်အကောင့်ထဲကို ဇန်နဝါရီ ၁၅ ရက်နေ့ မနက်ပိုင်းက ထည့်ဝင်လှူဒါန်းခဲ့တဲ့ အခမ်းအနား ပြုလုပ်ခဲ့ပါတယ်။ 

We Love Bago အဖွဲ့ဟာ မြန်မာပြည်မှာ ကိုဗစ်-၁၉ စတင်ဖြစ်ကတည်းက ပဲခူးမြို့က ကွာရန်တင်းစင်တာတွေကို ထောက်ပံ့ပေးနေသလို မြို့အတွင်းက စားဝတ်နေရေး အခက်အခဲဖြစ်နေတဲ့ အိမ်ထောင်စုတွေကိုလည်း ကူညီပေးနေတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။   

ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူဖို့ We Love Bago အဖွဲ့ကနေ ပထမအကြိမ် လှူဒါန်းတာဖြစ်ပြီး ထပ်မံလှူဒါန်းနိုင်ဖို့ ကြိုးစားလုပ်ဆောင်နေတယ်လို့ We Love Bago အဖွဲ့ရဲ့ ဥက္ကဋ္ဌက ပြောပါတယ်။ 

ကာကွယ်ဆေးဝယ်ယူဖို့ လူတန်းစားမရွေး ပါဝင်လှူဒါန်းနိုင်အောင်လို့ အိမ်တိုင်ရာရောက် လိုက်လံ အလှူခံပေးဖို့ စီစဉ်နေတယ်လို့လည်း  We Love Bago အဖွဲ့က ပြောပါတယ်။  

သတင်း - အောင်စိုးမိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013