DVB Logo
Home
မြန်မာသတင်း
မိုင်းယန်း ဆေးလိပ်စက်ရုံက ပြန်ပို့ခံအလုပ်သမား ၁၅၀ ကျော် ရွာထဲအဝင်မခံသဖြင့် ပိတ်မိနေ
DVB
·
January 16, 2021
မိုင်းယန်း ဆေးလိပ်စက်ရုံက ပြန်ပို့ခံအလုပ်သမား ၁၅၀ ကျော် ရွာထဲအဝင်မခံသဖြင့် ပိတ်မိနေ
1 / 4
Donate to DVB

“ဝ” အထူးဒေသ ၂၊ မိုင်းယန်းမြို့ရှိ ကျင်းဟွာ ဆေးလိပ်စက်ရုံက ပြန်ပို့ခံရတဲ့ မြန်မာ စက်ရုံလုပ်သားတွေ မိုင်းခတ်မရောက်ခင် ကြံခင်းမှာ ရွာတွင်းအဝင်မခံလို့ လူဦးရေ ၁၅၀ ကျော် ပိတ်မိနေပြီး ရိက္ခာပြတ်လပ်နေတယ်လို့ ပိတ်မိနေသူတွေက ပြောပါတယ်။

သူတို့ကို ဇန်နဝါရီ ၁၄ ရက်နေ့က တရုတ်နိုင်ငံသားပိုင် ကျင်းဟွာ ဆေးလိပ်ကုမ္ပဏီပိုင်ကားနဲ့ မိုင်းယန်း-မိုင်းခတ် ကားလမ်းဘေး၊ ထန်မွန်ကျေးရွာအနီးမှာ လာရောက်ပို့ဆောင်ခဲ့ပြီးနောက် လမ်းလျှောက် ရွာထဲဝင်ရာမှာ ကိုဗစ်ကာလ လက်မခံတာကြောင့် အခုလို အခက်အခဲကြုံနေရတာပါ။

သူတို့ကို တရားမဝင်လမ်းကနေ လိုက်ပို့တာဖြစ်ကြောင်း ရဲက ပြောမှ သိရတယ်လို့ ပိတ်မိနေသူတဦးဖြစ်တဲ့ မန္တလေးတိုင်းက ကိုဖြိုးသူဝင်းက ပြောပါတယ်။

“အရမ်းဒုက္ခရောက်နေပါတယ်။ အကူအညီ လိုအပ်နေပါတယ်။ လူဦးရေက ၁၅၁ ယောက်ခင်ဗျ။ ယောကျ်ားလေးက ၉၀၊ မိန်းကလေးက ၆၁ ယောက်။ အဲထဲမှာ ကိုယ်ဝန်ဆောင် အမျိုးသမီး ၅ ယောက်ပါတယ်။”

ကြံတောထဲ အစာရေစာ ပြတ်လပ် ဒုက္ခရောက်နေတာ ၂ ရက် ရှိပြီဖြစ်ပြီး လက်ရှိမှာ ရဲနဲ့ NDAA မိုင်းလားအဖွဲ့က လာရောက်ထာက်ပံ့တာကို စားသောက်နေရတယ်လို့ ပြောပါတယ်။

ခိုးဝင်လာမှုကြောင့် ဥပဒေအရ အရေးယူရင်လည်း ခံမှာဖြစ်ပြီး ကိုဗစ် ကာကွယ်ထိန်းချုပ်ရေးစည်းကမ်းအရ ကွာရန်တင်းဝင်ခိုင်းရင်လည်း ဝင်မယ်လို့ လက်ရှိ ပိတ်မိနေသူတဦးဖြစ်တဲ့ နတ်မောက်မြို့နယ်နေ ကိုစိုးမင်းက ပြောပါတယ်။

“ကျနော်တို့က အမြန်ဆုံး ပြန်ချင်တယ်။ ခိုးလမ်းမှာ ပို့ထားတော့ လေဟာပြင်မှာ အဆောက်အဦ မရှိဘူး။ တဲလေး ဖြစ်သလိုဆောက်ပြီး ဖြစ်သလို နေနေရတာ၊ ဆောင်းတွင်းကာလ ဖြစ်တာကြောင့် နှင်းတွေအရမ်းကျလို့ အရမ်းအေးတယ်။” 

သူတို့ဟာ အဲဒီစက်ရုံမှာ ၁ နှစ်ကနေ ၃ နှစ်ထိ အလုပ်လုပ်ခဲ့ကြသူတွေဖြစ်ပြီး လွန်ခဲ့တဲ့ ၉ လ ပိုင်းလောက်ကစ စက်ရုံပိတ်သိမ်းကာ လုပ်ခလစာ ရသင့်သလောက်မရဘဲ ပေးသလောက်သာ ရပြီး ခက်ခဲလာတာကြောင့် ပြန်လာရတာလို့ ဆိုပါတယ်။

ဆေးလိပ်စက်ရုံက ပြန်ပို့ခံရသူတွေဟာ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နဲ့ NDAA မိုင်းလားအဖွဲ့ ထိန်းချုပ်နယ်မြေကြားရှိ မိုင်းယန်းနဲ့ မိုင်းခတ်ကြား ကြံတောမှာ ပိတ်မိနေတာလို့ သိရပါတယ်။

ကိုဗစ်ကာလ ပထမလှိုင်းမှာတော့ မိုင်းလားဒေသကပြန်လာတဲ့ မြန်မာလုပ်သား ၃,၀၀၀ ကျော်ကို ကိုဗစ်-၁၉ စည်းကမ်းနဲ့ ကွာရန်တင်းထားရှိပြီး နေရပ်ပြန်နိုင်ဖို့ ဆောင်ရွက်ခဲ့တာရှိပေမယ့် အခုတော့ တရားဝင် အကြောင်းကြား ဆက်သွယ်တာ မရှိတော့ဘူးလို့ သိရပါတယ်။

သတင်း - Pra Jaw၊ ဓာတ်ပုံ - ဒုက္ခ​ရောက်​နေသူ အဖွဲ့

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013