DVB Logo
Home
မြန်မာသတင်း
ဧရာ၀တီတိုင်း သဘာဝဘေးကယ်ဆယ်ရေးအတွက် မီးသတ်တပ်ဖွဲ့ဝင် ၁၀၀၀ ကျော်ဖြင့် ဖွဲ့စည်း
DVB
·
January 16, 2021
ဧရာ၀တီတိုင်း သဘာဝဘေးကယ်ဆယ်ရေးအတွက် မီးသတ်တပ်ဖွဲ့ဝင် ၁၀၀၀ ကျော်ဖြင့် ဖွဲ့စည်း
1 / 6
Donate to DVB

ဧရာဝတီတိုင်းမှာ သဘာဘေးအန္တရာယ်တွေဖြစ်ပေါ်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ မီးသတ်တပ်ဖွဲ့ဝင် ၁၀၀၀ ကျော်နဲ့ ဖွဲ့စည်းပြင်ဆင်ထားတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးမှာ ဇန်နဝါရီ ၁၅ ရက်နေ့က ငလျင်ဘေးအတွက် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေနဲ့ပတ်သက်လို့  ပထမဆုံးအကြိမ် သရုပ်ပြတဲ့ အခမ်းအနားမှာ အထူးတပ်ခွဲက နိုင်ငံခြားက ရှာဖွေရေးပစ္စည်းတွေအသုံးပြုပြီး ပြသခဲ့တယ်လို့ တိုင်းမီးသတ်ညွှန်ကြားရေးမှူး ဦးအောင်ဆွေဝင်းက ပြောပါတယ်။

“ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် တိုင်းအတွင်းက မြို့နယ် ၂၆ မြို့နယ်လုံး တပ်စု ၁ စုကို ၃၅ ဦးပါတဲ့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေ ဖွဲ့ပြီး ကြိုတင်ပြင်ဆင်တာတွေ လေ့ကျင့်တာတွေကို ပြုလုပ်နေပါတယ်” လို့ ပြောပါတယ်။

ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့အတွက် မြို့နယ် ၂၆ မြို့နယ်နဲ့ မြို့ ၂ မြို့အတွက် တပ်ဖွဲ့ဝင်အင်အား ၁,၀၉၆ ဦးနဲ့ ဖွဲ့စည်းထားတဲ့အပြင် နောက်ထပ်အထူးတပ်ခွဲ ၁ ခွဲလည်း ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်လာပါက အချိန်နဲ့တပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့အတွက် လေ့ကျင့်တာတွေကိုတော့ ညွှန်ကြားချက်အရ ပြုလုပ်တာဖြစ်ပြီး ပုံမှန်လေ့ကျင့်တာမျိုးတွေလည်း ပြုလုပ်နေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၀ ခုနှစ်အတွင်း သဘာဘေးအန္တရာယ် အကြိမ် ၂၀၀ နီးပါးဖြစ်ပွားခဲ့ပြီး ပြောင်းလဲလာတဲ့ လူနေထိုင်မှုစနစ်အရ အထပ်မြင့်တိုက်ခန်းတွေမှာ နေထိုင်မှု များပြားလာတာတွေကြောင့် ခုလို လေ့ကျင့်တာတွေ ပြုလုပ်နေတာလို့ မီးသတ်ဦးစီးဌာနက သိရပါတယ်။

သတင်း - မင်းထက်မုန်း(ပုသိမ်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013