DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ငြိမ်းချမ်းရေးအတွက် ပူးပေါင်းပါဝင်ကြရန် သမ္မတ တိုက်တွန်း
DVB
·
January 15, 2021
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ငြိမ်းချမ်းရေးအတွက် ပူးပေါင်းပါဝင်ကြရန် သမ္မတ တိုက်တွန်း
Donate to DVB

ကယားပြည်နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့   ပြည်ထောင်စု ငြိမ်းချမ်းရေးနဲ့နဲ့ နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်းစဉ်တွေမှာ အပြည့်အဝ လက်တွဲပူးပေါင်းပါဝင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြဖို့ သမ္မတ ဦးဝင်းမြင့်က တိုက်တွန်းလိုက်ပါတယ်။

ဇန်နဝါရီ ၁၅ ရက်နေ့ ကျရောက်တဲ့ ၆၉ နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ သမ္မတက အခုလို တိုက်တွန်းလိုက်တာပါ။

လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ကယားပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အခက်အခဲ များစွာ ရှိခဲ့ပေမဲ့ အခုအခါ လက်နက်ကိုင်ပဋိပက္ခတွေ  မရှိတော့သလောက်ဖြစ်ပြီး ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းတွေ ပိုမိုဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

နယ်မြေအေးချမ်းသာယာပြီး  လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်တာနဲ့အမျှ ကယားပြည်နယ်နေ   ပြည်သူတွေရဲ့   လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်လို့ ပြည်ထောင်စုကြီး ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းသားပြည်သူ အားလုံးရဲ့    ရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်နိုင်ဖို့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစု ပင်လုံအစည်းအဝေးတွေကို လေးကြိမ်တိုင်ကျင်းပခဲ့ပြီး သဘောတူညီချက် အများအပြားရရှိခဲ့တယ်လို့ သမ္မတက ဆိုပါတယ်။

ရရှိလာတဲ့   ဒီမိုကရေစီနဲ့  ဖက်ဒရယ်ဆိုင်ရာ ဘုံသဘောတူညီချက်တွေအရ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ သာတူညီမျှ အခွင့်အရေးရရှိခြင်းနဲံ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်ရရှိခြင်းဟူသော နိုင်ငံရေးအနှစ်သာရများ ပြည့်ဝတဲ့ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုအဖြစ် တည်ဆောက်ရာမှာ အစိုးရနဲ့အတူ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက စိတ်တူကိုယ်တူ ဆန္ဒတူစွာနဲ့ ပူးပေါင်းလက်တွဲ ကြိုးပမ်းသွားကြဖို့လည်း တိုက်တွန်းထားပါတယ်။

၁၉၅၁ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြင်ဆင်ချက် အက်ဥပဒေအရ လူထုဆန္ဒနဲ့ ၁၉၅၂ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ကရင်နီပြည်နယ်ကနေ ကယားပြည်နယ်အဖြစ် တရားဝင် ပြောင်းလဲခေါ်ဝေါ‌ခဲ့တာ ၆၉ နှစ်မြောက် ရှိပြီ ဖြစ်ပါတယ်။

ကိုဗစ်ကာလဖြစ်တဲ့အတွက် ၆၉ နှစ်မြောက် ကယားပြည်နယ်နေ့မှာ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုပြခန်းတွေ၊ ယဉ်ကျေးမှုအကပြိုင်ပွဲတွေ၊ တေးဂီတဖျော်ဖြေပွဲတွေ၊ လှေလှော်ပြိုင်ပွဲတွေ၊  အားကစားပြိုင်ပွဲ စတာတွေ ကျင်းပခွင့်မရကြတဲ့အတွက် အထူးစိတ်မကောင်းဖြစ်ရတယ်လို့ သမ္မတက ပြောပါတယ်။

ကယားပြည်နယ် ရောဂါကူးစက်မှု မရှိအောင် အစွမ်းကုန် ကြိုးစားဆောင်ရွက်ခဲ့ပြီး ရောဂါပိုးတွေ့ရှိသူအနည်းဆုံး ပြည်နယ်တစ်ခုဖြစ်ခဲ့တာကြောင့် ကုသခြင်းလုပ်ငန်းများကို စေတနာ၊ မေတ္တာအပြည့်အဝထားပြီး ကျရာအခန်းကဏ္ဍပ ဆောင်ရွက်ခဲ့သူများ၊ ပံ့ပိုးကူညီခဲ့သူတွေနဲ့ ကျန်းမာရေး အသိပညာပေးညွှန်ကြားချက်တွေကို တိကျစွာ လိုက်နာကြတဲ့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံးကိုလည်း ကျေးဇူးတင်ရှိတယ်လို့ ဆိုပါတယ်။

Photo-President Office

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013