DVB Logo
Home
မြန်မာသတင်း
တမူး-အိန္ဒိယနယ်စပ်   ကုန်သွယ်ရေးစခန်း ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်
DVB
·
January 10, 2021
တမူး-အိန္ဒိယနယ်စပ်   ကုန်သွယ်ရေးစခန်း ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်
Donate to DVB

စစ်ကိုင်း‌တိုင်း၊ တမူးမြို့နယ် မြန်မာ-အိန္ဒိယ တမူးနယ်စပ်ကုန်သွယ်ရေးစခန်းကို မကြာမီပြန်လည်ဖွင့်လှစ်နိုင်တော့မယ်လို့ တိုင်းအစိုးရအဖွဲ့ရုံး စီးပွား‌ရေးနဲ့ ကူးသန်း‌ ရောင်းဝယ်ရေးဝန်ကြီးဌာနက သိရပါတယ်။


တမူးနယ်စပ်ကုန်သွယ်ရေး ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဦးလှမောင်က “စီးပွားကူးသန်းဝန်ကြီးဌာနက နှစ်နိုင်ငံ ကုန်သွယ်ရေးပြန်စဖို့ စာထုတ်တယ်။ ကနေ့ပဲ တာဝန်ရှိသူတွေနဲ့   ကျနော်တို့ အစည်းဝေးကျင်းပပြီးပါပြီ။ မနက်ဖြန်ကျ စီမံချက်တင်ရမှာဖြစ်ပြီး ဘယ်ရက်ပြန်စမလဲဆိုတာ အပေါ်ကဆုံးဖြတ်ရမှာပါ” လို့ ပြောပါတယ်။


အိန္ဒိယ-မြန်မာ တမူးနယ်စပ်ကုန်သွယ်ရေးစခန်းနဲ့ မောင်တောကုန်သွယ်ရေးစခန်းတွေကို ပြီးခဲ့တဲ့နှစ် မတ်လလောက်က တည်းက ပိတ်ထားတာဖြစ်ပြီး အခုရက်ပိုင်း ပြန်လည်ဖွင့်လှစ်ဖို့ ပြင်ဆင်နေပြီလို့ ဆိုပါတယ်။


ဒေသခံ CSO တစ်ဦးက “အိန္ဒိယဘက်ကို မြန်မာဘက်က တရုတ်နဲ့ထိုင်းပစ္စည်းတွေ ပြန်သွင်းတယ်။ ကွမ်းသီးတို့ ဘာတို့ သွားတယ်။ အိန္ဒိယဘက်က အထည်လိပ်နဲ့ ဆေးဝါး နဲ့ ကွမ်း၊ ဆား၊ ဆေး လိုတာတွေပြန်ဝင်တယ်။ မတ်လကတည်းက ပိတ်ထားရတာဆိုတော့ မြန်မာဘက်က ပိုနစ်နာတာပေါ့။ ကိုယ့်ဆီက ထွက်ကုန်က နည်းတာကို။ အစိုးရအတွက်လည်း အခွန်ကောက် မရတဲ့အပြင် ခိုးသွင်းခိုးထုတ်တာမျိုးလည်း ဖြစ်လာတာပေါ့” လို့  ပြောပါတယ်။


မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ကုန်သွယ်ရေးလမ်းကြောင်းဟာ စစ်ကိုင်းတိုင်းဒေသကြီအတွက် အရေးပါပြီး အိန္ဒိယနိုင်ငံ အနူရာချာပရာဒတ်၊ နာဂလန်း၊ မဏိပူရ်နဲ့ မီဇိုရမ် ပြည်နယ်လေးခုနဲ့ ထိစပ်နေကာ နှစ်နိုင်ငံကုန်းလမ်းကုန်သွယ်ရေး စနစ်ကို ၁၉၉၅ ခုနှစ်က စတင်‌ဖွင့်လှစ်ခဲ့တာပါ။ 


တစ်နှစ်ကို အမေရိကန်ဒေါ်လာ သန်းခြောက်ရာကျော်လောက် ကုန်သွယ်မှု ဖြစ်ထွန်းတယ်လို့ သိရပါတယ်။


ရဲထွဋ်


Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013