DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးရရှိရန် တပ်မတော်နှင့်အတူ ဝိုင်းဝန်းကြိုးပမ်းကြရမည်ဟု ဗိုလ်ချုပ်မှူးကြီးပြော
DVB
·
January 10, 2021
ငြိမ်းချမ်းရေးရရှိရန် တပ်မတော်နှင့်အတူ ဝိုင်းဝန်းကြိုးပမ်းကြရမည်ဟု ဗိုလ်ချုပ်မှူးကြီးပြော
Donate to DVB

ငြိမ်းချမ်းရေးရအောင် တပ်မတော်နဲ့အတူ ဝိုင်းဝန်းကြိုးပမ်းကြရမယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။


ဒီနေ့ ကျရောက်တဲ့ ၇၃ နှစ်မြောက် ကချင်ပြည်နယ်နေ့အတွက် ပေးပို့တဲ့ သဝဏ်လွှာမှာ ပြောထားတာဖြစ်ပြီး တပ်မတော်အနေနဲ့ တိုင်းရင်းသား ညီအကိုမောင်နှမတွေရဲ့ ပညာရေး၊ စီးပွားရေး စတဲ့ ဘက်ပေါင်းစုံအရေးတွေနဲ့ ပတ်သက်လာရင် အားလုံးအပေါ် ညီရင်းအကို စိတ်ထားနဲ့ တတ်စွမ်းသမျှ ကူညီဆောင်ရွက်ပေးသွားမယ်လို့ ဖော်ပြထားပါတယ်။


ကချင်ပြည်နယ်ထဲမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်နိုင်ရေးနဲ့ နိုင်ငံရေး နည်းလမ်းအရ ဆွေးနွေးနိုင်ဖို့ ထာဝရငြိမ်းချမ်းရေးရအောင် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေးအတွက် ၂၀၁၈ ဒီဇင်ဘာက စပြီး တပ်မတော်အနေနဲ့ ၂ နှစ်ကြာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနဲ့ ထာဝရငြိမ်းချမ်းရေး ဆောင်ရွက်ပေးခဲ့ပြီး စစ်ရေးဆိုင်ရာ လှုပ်ရှားတာတွေကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ၃၁ ရက်အထိ ရပ်ဆိုင်းပေးခဲ့တယ်လို့လည်း ဆိုပါတယ်။


ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းနေချိန်မှာ ငြိမ်းချမ်းရေးက မရှိမဖြစ်လိုတာကြောင့် ကချင်ပြည်နယ်ထဲမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားတွေအားလုံး ငြိမ်းချမ်းရေးရအောင် တပ်မတော်နဲ့အတူ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမယ်လို့ ဆိုပါတယ်။


ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရာမှာ တွေ့လာရမယ့် အခက်အခဲ စိန်ခေါ်မှုတွေကိုလည်း ကြံ့ကြံ့ခံကျော်လွှားပြီး တိုင်းရင်းသား ညီနောင်အားလုံးရဲ့ စုပေါင်းအင်အားနဲ့ ကြိုးပမ်းကြဖို့ လိုတယ်လို့လည်း ဆိုပါတယ်။


ကချင်ပြည်နယ်တွင်း နေရပ်စွန့်ခွာသူတွေ ပြန်နေရာချနိုင်ဖို့အတွက် ဝိုင်းမော်၊ ချီဖွေနဲ့ မိုးမောက်မြို့နယ်တို့က ဒေသတချို့မှာ တပ်မတော်က မိုင်းရှင်းပေးခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

လွတ်လပ်ရေးဆုံးရှုံးပြီးနောက် ဒေသအသီးသီးမှာ နေထိုင်းတဲ့ တိုင်းရင်းသားတွေဟာ နယ်ချဲ့ကို တော်လှန်ခဲ့ကြရာမှာ ကချင်ပြည်နယ်သား တိုင်းရင်းသား မျိုးချစ်တွေရဲ့ သူရသတ္တိက အံ့မခန်း မှတ်တမ်းတင်ခဲ့ရတယ်လို့ ဆိုပါတယ်။


ကချင်တိုင်းရင်းသားတို့မှာ လူမှုရေးဆိုင်ရာ ထုံးတမ်းစဉ်လာ၊ ချစ်စရာရိုးရာ ယဉ်ကျေးမှုအမွေအနှစ်တွေ ပိုင်ဆိုင်ထားပြီး မနောပွဲကတော့ ပြည်နယ် ပွဲသဘင်တွေမှာ အကြီးကျယ်ဆုံးနဲ့ အမြင့်မြတ်ဆုံး ပွဲသဘင်တရပ်အဖြစ် ထင်ရှားတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013