DVB Logo
Home
မြန်မာသတင်း
ကရင်နယ်ခြားစောင့်တပ်က ဗိုလ်မှူးစောမောသို နုတ်ထွက်
DVB
·
January 9, 2021
ကရင်နယ်ခြားစောင့်တပ်က ဗိုလ်မှူးစောမောသို နုတ်ထွက်
Donate to DVB

ကရင်ပြည်နယ် နယ်ခြားစောင့်တပ် BGF က ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်တဲ့ ဗိုလ်မှူးကြီးစောချစ်သူ၊ ဗိုလ်မှူးစောတင်ဝင်း၊ ဗိုလ်မှူးစောမောသိုတို့ နုတ်ထွက်ဖို့ တပ်မတော်ဘက်က ဖိအားပေးမှုတွေရှိနေပြီး ဗိုလ်မှူးစောမောသိုကတော့ နုတ်ထွက်စာတင်လိုက်ပါ တယ်။ 


စီးပွားရေးဆက်လက်လုပ်ကိုင်မယ်ဆိုရင် နုတ်ထွက်ဖို့အတွက် တပ်မတော်ဘက်ကနေ ဖိအားပေးပြောဆိုတာတွေရှိခဲ့ပြီး ဗိုလ်မှူးကြီးစောချစ်သူကတော့ BGF တပ်ဖွဲ့ဝင်တွေရဲ့ သဘောထားကို စောင့်ဆိုင်းနေတယ်လို့  တပ်ဖွဲ့ဝင်တစ်ယောက်က ပြောဆိုပါတယ်။  


အခုလိုနုတ်ထွက်တာက ရွှေကုက္ကိုလ်စီမံကိန်း နဲ့ ပတ်သက်တယ်လို့ တပ်မတော်ဘက်က ပြောဆိုပေမယ့် ဘယ်သူတွေ နုတ်ထွက်သွားခဲ့တယ်ဆိုတဲ့ အသေးအစိတ်အချက်အလက်တွေကို မပြောဆိုပါဘူး။ 


အဲဒီစီမံကိန်းနဲ့ပတ်သက်ပြီး အစိုးရရဲ့စစ်ဆေးမှုတွေကို လွတ်လွတ်လပ်လပ် စစ်ဆေးစေခဲ့ပြီး ကန့်သတ်ပိတ်ဆို့တာ ဘာမှမရှိခဲ့ဘူးလို့ BGF တပ်ဖွဲ့ဝင်တစ်ယောက်က ဆိုပါတယ်။ 


ရွှေကုက္ကိုလ်စီမံကိန်းနဲ့ ပတ်သက်ပြီး အစိုးရဘက်ကလည်း စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့တာရှိသလို တပ်မတော်ဘက်ကလည်း တွေ့ရှိချက်တွေကို တင်ပြပြီး ပါဝင်ပတ်သက်ခဲ့တဲ့ တပ်မတော်သားတွေကိုလည်း အရေးယူဆောင်ရွက်ခဲ့သလို နယ်ခြားစောင့်တပ်ဖွဲ့တွေ ပါဝင်ပတ်သက်တာရှိရင်လည်း စည်းမျဉ်းစည်းကမ်းတွေအရ ဆောင်ရွက်ရမယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့  ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ 


ကရင်ပြည်နယ် နယ်ခြားစောင့်တပ် BGF က တပ်မတော်ရဲ့ ကွက်ကဲမှုအောက်မှုရှိတဲ့အတွက် စစ်စည်းကမ်းတွေအတိုင်း လိုက်နာရမယ့်အဖွဲ့အစည်းဖြစ်ပြီး စည်းကမ်း ဥပဒေတွေကို ချိုးဖောက်မှုတွေရှိရင်တော့ စစ်စည်းကမ်းအရ ဆက်လက်ဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။ 


တရားဥပဒေမှာ ဘယ်သူဘယ်သူကမှ အထူးအခွင့်အရေးမရှိဘဲ   စည်းမျဉ်းစည်းကမ်းတွေ အတိုင်း လိုက်နာဆောင်ရွက်တာက အကောင်းဆုံးဖြစ်မယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆိုပါတယ်။ 


အောင်သူ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013