DVB Logo
Home
မြန်မာသတင်း
၁၄ ရက်အတွင်း ပိုးမတွေ့သည့် မြို့နယ်များကို Stay at home ဖြေလျှော့ပေးရန် စီစဉ်နေ
DVB
·
December 25, 2020
၁၄ ရက်အတွင်း ပိုးမတွေ့သည့် မြို့နယ်များကို Stay at home ဖြေလျှော့ပေးရန် စီစဉ်နေ
Donate to DVB

လုပ်ငန်းတာဝန်တွေ ပြန်လည်လည်ပတ်နိုင်နိုင်ဖို့အတွက်  ၁၄ ရက်အတွင်း ပိုးမတွေ့တဲ့ ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေကို Stay at home အစီအစဉ်ကနေ ဖြေလျှော့ပေးဖို့ တင်ပြထားတယ်လို့  ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်က ပြောပါတယ်။

ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းပါဝင်တဲ့  ရပ်/ကျေးအုပ်စု ၃၀၀ ကျော်ကို  Stay at Home အစီအစဉ်ကနေ ဖြေလျှော့ပေးဖို့ကို  စီစဉ်နေတာလို့ ဆိုပါတယ်။

ရန်ကုန်မှာ ရောဂါပိုးကူးစက်ခံထားရသူ လေးထောင်ကျော်ဝန်းကျင်ပဲကျန်ရှိနေပြီး ပိုးတွေ့မှုနှုန်းကလည်း ကျဆင်းလာတဲ့အတွက် ကိုဗစ် စင်တာအချို့ကိုလည်း  ပိတ်သိမ်းဖို့ ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။

လက်ရှိမှာတော့ ရန်ကုန်တိုင်းအတွင်းက  ကိုကိုးကျွန်းမြို့နယ်မှအပ ကျန်တဲ့ မြို့နယ်တွေဟာ  Stay at home သတ်မှတ်ထားဆဲပဲဖြစ်ပါတယ်။

သူဇာလင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013