DVB Logo
Home
မြန်မာသတင်း
ကိုဗစ်ကူးစက်မှုများလာသဖြင့် ဆားလင်းကြီး ​တော​ကျောင်း​ကျေးရွာကို stay at home သတ်မှတ်
DVB
·
December 25, 2020
ကိုဗစ်ကူးစက်မှုများလာသဖြင့် ဆားလင်းကြီး ​တော​ကျောင်း​ကျေးရွာကို stay at home သတ်မှတ်
Donate to DVB

စစ်ကိုင်းတိုင်း​ ဆားလင်းကြီးမြို့နယ် ​လက်ပန်​တောင်း​ကျေးရွာအုပ်စု ​တော​ကျောင်း​ကျေးရွာမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှု များလာတာကြောင့် stay at home ​နေထိုင်ဖို့ ဒီဇင်ဘာ ၂၅ ရက်​နေ့က ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

​​တော​ကျောင်း​ကျေးရွာမှာ ရက်ပိုင်းအတွင်း ပိုး​တွေ့လူနာ ၁၀ ဦးထိ ရှိလာတာကြောင့် အခုလိုသတ်မှတ်လိုက်တာလို့ ​သိရပါတယ်။

​ဆားလင်းကြီးမြို့နယ်အုပ်ချုပ်​ရေးမှူး ဦးဆန်းမြင့်က "​တော​ကျောင်း​ကျေးရွာကို stay at home သတ်မှတ်တာ ဟုတ်ပါတယ်။ ၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်က​နေ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၇ ရက်​နေ့အထိ မြို့နယ်ကျန်းမာ​ရေးက​နေ အမိန့်ထုတ်ပြန်တာ​ပေါ့။ မ​နေ့က ဒီဇင်ဘာ ၂၄ ရက် ၁ ရက်တည်း ပိုး​တွေ့ လူနာ ၅ ​ယောက်တိုးတယ်။” လို့ ပြောပါတယ်။ 

တော​ကျောင်း​ကျေးရွာ​နေ မသန်းသန်း​ထွေးက  "အခုလိုသတ်မှတ်လိုက်​တော့ အခု​လော​လောဆယ်​တော့ ​တောင်သူ​တွေအပါဝင် လက်လုပ်လက်စား​တွေပါ ဒုက္ခ​ရောက်​နေကြတာ​ပေါ့။ ကြက်သွန်​တွေကလည်း စိုက်လျက်တန်းလန်းဖြစ်​နေတာရယ် ​စျေးတည့်ထားတဲ့ ကုန်​တွေကလည်း အယူမလာကြ​တော့ပိုအခက်​တွေ့တာလို့" လို့ပြောပါတယ်။

တော​ကျောင်း​ကျေးရွာမှာ အိမ်​​ထောင်စု ၁၅၀ ​ကျော်ရှိပြီး လူဦး​ရေ ၆၀၀ ​ကျော် နေထိုင်တယ်လို့ သိရပါတယ်။

ဆားလင်းကြီးမြို့နယ်မှာ လက်ရှိအချိန်ထိ ပိုး​တွေ့လူနာ ၂၈ ​ယောက်​ရှိပြီဖြစ်ပြီး ​ဆေးရုံမှာ ကုသဆဲလူနာက ၁၄ ​ယောက်ရှိတယ်လို့ ​​မြို့နယ်အုပ်ချုပ်​ရေးမှူးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013